အပိုင်း(၁၅)

6.3K 1K 15
                                    

Unicode
တစ်ခန်းလုံး ငြိမ်ကျသွားတယ်။ အတန်းထဲမှာ ရှိတဲ့ လူတွေအားလုံး ချောင်လန့်ဘက်ကို လှည့်ကြည့်လာကြတယ်။

ချောင်လန်ကတော့ အတန်းခေါင်းဆောင်လက်ထဲက သူမအဖြေလွှာကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဆွဲယူလိုက်တယ်။ ကျောင်းထုန်ရဲ့ မျက်နှာပေါ်ကအေးခဲသွားတဲ့ မျက်နှာထားက တစ်ဖြည်းဖြည်းနဲ့ လန့်သွားတဲ့ အဖြစ်ကို ရောက်သွားတယ်။ ပြီးတော့ သူမ မယုံနိုင်စွာနဲ့ပဲ ချောင်လန့်ရဲ့ အဖြေလွှာကို ကြည့်နေတယ်။

အဲ့တာကသာ တစ်ကယ်မမှားဘူးဆိုရင် သူမက တစ်ကယ်ကြီး အမှတ်၁၅၀ရတာပေါ့။ စုန့်ယောင်လို ချန်ယောင်းရန်လိုလေ အမှတ်ပြည့်ရတာပေါ့။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ???

ဒါလုံးဝမဖြစ်နိုင်ဘူး!!!!

သူမခုနလေးကတင် ခန့်မှန်းထားတာက ချောင်လန်က စာမေးပွဲမှာ ၈၀ ဒါမှမဟုတ်ရင် ၉၀လောက်ပဲ ရမယ်လို့လေ။ ဒါပေမဲ့ ချောင်လန်က တစ်ကယ်ကြီး အမှတ်ပြည့်ရသွားတာ။ ကျောင်းထုန်လုံးဝမယုံနိုင်ဘူး။

တစ်တန်းလုံး ထူးဆန်းစွာတိတ်ဆိတ်သွားတယ်။ အဲ့အချိန်မှာ တစ်ချိန်လုံး ခေါင်းစိုက်ချထားတဲ့ ထန်းမော့က ခေါင်းမော့လိုက်ပြီး သူ့ရဲ့ အညိုရောင် ဖျော့ဖျော့မျက်လုံးလေးတွေနဲ့ ချောင်လန့်ကို ကြည့်လိုက်တာကို ဘယ်သူမှ မမြင်လိုက်ကြဘူး။

ခဏကြာတော့ အတန်းက စကားပြောသံတွေနဲ့ ပြည့်သွားတယ်။ အတန်းထဲကို အခုမှဝင်လာတဲ့ ချန်ယောင်းရန်နဲ့ စုန့်ယောင်က သူတို့ဘေးက အတန်းဖော်တွေပြောတာကိုကြလိုက်ရတော့ ချောင်လန့်ဘက်ကို လှည့်ကြည့်လာကြတယ်။

ရုတ်တရက် ကျောင်းထုန်က လက်ထဲက စာအုပ်ကို စားပွဲပေါ် ပစ်ချလိုက်ပြီး အတန်းအပြင်ကို ပြေးထွက်သွားတယ်။

" သူမသေချာပေါက် ကူးချတာပဲဖြစ်ရမယ်။ သူမက ဘယ်လိုလုပ် အမှတ်ပြည့်ရနိုင်မှာလဲ။ "

" သူမက တစ်ကယ်တုံးတာပဲ။ သူမက ဒီတိုင်းကူးချလိုက်ပြီး အမှတ်ပြည့်ရနိုင်မယ်လို့ ထင်နေတာလား။ ငါတို့ကို အရူးများ မှတ်နေလား။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now