အပိုင်း(၁၄၀)

3.4K 459 17
                                    

Unicode

ထန်းမော့က နောက်ဆုံးတော့ကျေနပ်သွားပြီး အိမ်ကို လိမ်လိမ်မာမာနဲ့ ပြန်သွားခဲ့တယ်။ ဒါပေမဲ့ အဲ့တာကလဲ ချောင်လန်က သူ့ကိုကျောင်းပေါက်ဝထိ လိုက်ပို့ပြီးမှပေါ့။

ဦးလေးချန်ကလဲ ပျော်ရွှင်စွာနဲ့ ချောင်လန့်ကို မနက်ဖြန်ကျတွေ့ကြမယ်ဆိုပြီး ပြောလိုက်ကာ ထန်းမော့နဲ့ ပြန်သွားခဲ့တယ်။ ချောင်လန်က အသက်ရှူထုတ်လိုက်ပြီး စာသင်ခန်းဘက်ကို ပြန်လျှောက်လာခဲ့တယ်။ အဲ့မှာ စာသင်ခန်းအပေါက်ဝမှာ အဲ့နေရာမှာ မရှိနေသင့်တဲ့ အတန်းပိုင်ဆရာကို တွေ့လိုက်ရတယ်။

ချောင်လန် : " ??? "

ဒီနေ့ညက အတန်းပိုင်ဆရာစောင့်ရမဲ့ study ချိန်မဟုတ်ဘူးမလား။ အတန်းပိုင်ဆရာက ကျောင်းကိုမလာဘူး မဟုတ်ဘူးလား။

ချောင်လန်က အသက်ရှူရပ်သွားတယ်။

တော်သေးတာပေါ့ ထန်းမော့က ပြန်သွားနှင့်ပြီလေ။

ကံကောင်းလို့ သူတို့၂ယောက် စကားပြောနေတုန်းက အတန်းပိုင်ဆရာနဲ့ မတွေ့လို့။

တစ်ကယ်လို့ အတန်းပိုင်ဆရာ့ဆီမှာ နောက်တစ်ခါထပ်မိသွားလို့ကတော့ အတန်းပိုင်ဆရာ ရူးသွားလောက်မှာ လို့ ချောင်လန်တွေးနေမိတယ်။

အတန်းပိုင်ဆရာက ချောင်လန့်ကို တွေ့ဖို့မမျှော်လင့်ထားဘူး။ " ဘယ်သွားတာလဲ "

" ...... သမီးနေလို့ သိပ်မကောင်းလို့။ ကျောင်းဆေးခန်းကို ခဏသွားတာပါ။ "

ဘေးမှာထန်းမော့ ရှိမနေလို့နဲ့တူတယ်။ ဒီတစ်ခေါက်တော့ အတန်းပိုင်ဆရာက ဘာကိုမှ သံသယမဝင်ခဲ့ဘူး။ သူက ချောင်လန့်ကို ကျန်းမာရေးဂရုစိုက်ဖို့ စကားနည်းနည်းတောင် ပြောသွားသေးတယ်။ ခဏလောက်ပြောပြီးသွားတော့ ခေါင်းစဥ်က ဘယ်လိုလုပ် သူမနဲ့ ထန်းမော့တို့ လက်ရှိဆက်ဆံရေးအကြောင်းကို ရောက်သွားလဲတော့မသိဘူး။ အဆင့်တွေက အရေးအကြီးဆုံးပဲ၊ တက္ကသိုလ်ဝင်စာမေးပွဲပြီးသွားတော့မှ ချစ်ကြိုက်ကြ ရည်းစားထားကြဖို့ အချိန်တွေရှိသေးတယ် လို့ သူမကိုပြောတယ်။

ချောင်လန်က တစ်ချိန်လုံး ခေါင်းငြိမ့်နေခဲ့တယ်။ အတန်းပိုင်ဆရာက ချောင်လန်ကသူပြောတာ နားထောင်နေတာကို ကြည့်ပြီး ကျေနပ်အားရစွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ " သွားသွား စာသွားလုပ်ချည် "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now