အပိုင်း(၂၃)

6.4K 1K 36
                                    

Unicode
အခန်းထဲမှာထိုင်နေတဲ့ ချောင်လန်က အချိန်အတော်ကြာ ကြောင်အသွားတော့တယ်။

သူမက အခုမ ၁၆နှစ်ပဲရှိသေးတာလေ!!!!

သူတို့တွေရူးများရူးနေကြတာလား??? သူတို့သမီးက အခုမှ ၁၆နှစ်ပဲရှိသေးတာကို သမက်ရွေးနေကြပြီ!!!!!

သူမအရင်တုန်းကတွေးထားတာက သူမသာ ဒီတစ်ခေါက်စာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့မယ်ဆိုရင် ချောင်မိသားစုက သူမက ပိုပြီးကောင်းကောင်းဆက်ဆံတော့မယ်လို့ပေါ့။ ဒါပေမဲ့ အခု သူမနားလည်လိုက်ရတာက ဒီလူတွေအတွက်ကတော့ Peking ဒါမှမဟုတ် Tsinghua တက္ကသိုလ်တက်ခွင့်ရတာထက် ချမ်းသာတဲ့ လူကို လက်ထပ်တာက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းနေတယ်ဆိုတာကိုပဲ။

ချောင်လန် ရုတ်တရက် ပူပန်လာတော့တယ်။

သူမဘယ်လောက်ပဲ စာတော်နေနေ သူတို့အတွက် အဲ့တာက အသုံးဝင်မနေဘူးဆိုတာပဲ။

တစ်ကယ်ပဲ သူတို့က ချောင်လန့်အတွက် အဲ့ဒီ့ သင့်တော်တဲ့ သတို့သားဆိုတာကိုသာ ရှာတွေ့သွားခဲ့မယ်ဆိုရင် ပြီးတော့ချောင်လန်က သဘောမတူဘူးဆိုရင် အဖေချောင်နဲ့ အမေချောင်တို့က သူမစာသင်တာကို ရပ်လိုက်မှာလား။

ဖြစ်နိုင်တယ်။

တစ်ကယ်တော့ ဖြစ်နိုင်တယ်ဆိုတာတောင်မဟုတ်ဘူး။ သူတို့အကျင့်တွေအရ သေချာပေါက်ကိုလုပ်ကြမှာ။

သူမမှာ ကျောင်းလခပေးဖို့ ပိုက်ဆံမရှိဘူး။ အဲ့ဒါကြောင့် တစ်ကယ်လို့သာ ချောင်မိသားစုက သူမကို ကျောင်းလခမပေးတော့ဘူးဆိုရင် သူမ ရွေးချယ်စရာမရှိဘဲ ကျောင်းနားလိုက်ရတော့မှာ။

အရင်တုန်းက သူမတွေးထားတာ သူမဒီအထက်တန်းကျောင်းကနေ ဘွဲ့ရပြီးရင် ဒီနဲ့ဝေးတဲ့တက္ကသိုလ်ကိုသွားတက်မယ်။ အဲ့ဒါဆို ဒီမိသားစုကို ဖယ်ထုတ်နိုင်ပြီလို့ပေါ့။

ဒါပေမဲ့ အခု သူမ အမေချောင်ရဲ့ အစီအစဥ်ကိုကြားလိုက်ရတော့ သူမ တစ်ခုခုလုပ်ဖို့အမြန်လိုအပ်နေပြီဆိုတာ ချောင်လန် သိလိုက်ရတယ်။

သူမ အတက်နိုင်ဆုံး အမြန်ဆုံး planတစ်ခု ဆွဲဖို့လိုတယ်။

အဲ့ညက ဒုတိယအစ်မချောင်နဲ့ အမေချောင်တို့ရဲ့ အော်သံတွေကြားကနေ ရုန်းကန်ပြီး အိပ်ပျော်အောင် အိပ်ရတော့တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now