အပိုင်း(၄၈)

5.7K 1.1K 17
                                    

Unicode
သူထိုင်ခုံကနေ တိတ်ဆိတ်စွာ ထွက်လာပြီး ပြဇာတ်ရုံဝင်ပေါက်ဆီကို လျှောက်သွားလိုက်တယ်။ သူမ ရောက်ဖို့ နီးလာတော့ ပြဇာတ်ရုံရဲ့ ခရမ်းပြာရောင်မီးရောင်အောက်မှာ သူမရင်းနှီးနေတဲ့ ဆယ်ကျော်သက်ကောင်လေးက wheelchair ပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။

ချောင်လန်က နည်းနည်းကြောင်သွားပြီး အရှိန်မြင့်လိုက်ကာ ပြေးလာလိုက်တယ်။

" နင်ပြောတော့ မလာနိုင်ဘူးဆို " ချောင်လန်က အရမ်းအံ့ဩနေတယ်။ " ရုတ်တရက်ကြီးဘာလို့လာတာလဲ။ ဦးလေးချန်က နင့်ကို လိုက်ပို့တာလား။ "

ပြောလို့လဲပြီးရော ဦးလေးချန်က သူတို့နဲ့ ၁၀မီတာလောက်အကွာမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ သူက သူမကို ပြန်ကြည့်လိုက်ပြီး ပြုံးပြလိုက်တယ်။

ချောင်လန်ကလဲ ဦးလေးချန်ကို ပြန်ပြုံးပြလိုက်ပြီး ထန်းမော့ကို ပြန်ကြည့်လိုက်တယ်။ ပြီးတော့ သူ့ကို မေးလိုက်တယ်။ " တစ်ခုခုများဖြစ်လို့လား "

ဦးလေးချန်ကအဲ့နေရာမှာရှိနေတယ်ဆိုတော့ သေချာပေါက် ထန်းမော့က ပွဲလာကြည့်တာတော့ မဖြစ်နိုင်ဘူး။ သူမကို ရှာရတာ အရေးတကြီးကိစ္စတစ်ခုခုရှိလို့ပဲ ဖြစ်ရမယ်။

ထန်းမော့က စကားမပြောဘူး။ သူက ချောင်လန့်ကို မော့ကြည့်လိုက်တယ်။ ပြီးတော့ သူမဆံပင်ပေါ်မှာ တလက်လက်တောက်ပနေတဲ့ သမင်ဦးချိုလေးကို ကြည့်လိုက်တယ်။ ရုတ်တရက် အရောင်လက်နေတဲ့ သမင်ဦးချိုက အရမ်းချစ်ဖို့ကောင်းတာပဲလို့ ထန်းမော့ တွေးလိုက်မိတယ်။ သူ့ကို ကြည့်နေတဲ့ ချောင်လန့် မျက်လုံးလေးတွေကလဲ အရမ်းလှတာပဲ။

ထန်းမော့က လူတွေရဲ့ ရုပ်ရည်ကို အာရုံထားခဲတယ်။ လူအများစုက သူတို့လှလား မလှဘူးလားဆိုတာကို အရမ်းစိတ်ဝင်စားကြတယ်။ ဒါပေမဲ့ သူကတော့ အဲ့တာကို ဘယ်တုန်းကမှအာရုံမထားခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ အရင်နဲ့မတူတဲ့ ချောင်လန့်ကိုမြင်တော့ သူ့စိတ်ထဲမှာ စကားလုံး၄လုံးက မပေါ်လာဘဲ မနေနိုင်ဘူး။

ကြည့်လို့ကောင်းတယ်။

သူ သူမကို အကြာကြီး ကြည့်နေမိတယ်။ ခဏကြာသွားတော့မှ သူက အိတ်ကပ်ထဲကနေ ဘူးသေးသေးလေးကို ထုတ်လိုက်ပြီး ချောင်လန့်ကို ပေးလိုက်တယ်။ " နင့်အတွက်လက်ဆောင် "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now