အပိုင်း(၂၉)

6.5K 1.1K 36
                                    

Unicode
Wheelchair ပေါ်မှာတင်ထားတဲ့ ထန်းမော့ရဲ့ လက်က အနည်းငယ်တုန်သွားတယ်။ ပြီးတော့ အချိန်ခဏလောက် သူဘာဆက်လုပ်ရမလဲဆိုတာ မသိတော့ဘူး။

ချောင်လန်က သူနဲ့ အဝေးဆုံး ထိုင်ခုံနေရာမှာ ထိုင်နေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ သူမက ရုတ်တရက်ကြီး သူနဲ့ အနီးဆုံးနေရာမှာ လာထိုင်ရတာလဲ။

ပြီးတော့မှ ထန်းမော့က သတိထားမိသွားတယ်။ ထိုင်ခုံနေရာတွေပြောင်းလိုက်တာက ချောင်လန်တစ်ယောက်ထဲမဟုတ်ဘူး တစ်ခြားကျောင်းသားတွေအကုန်လုံးလဲ ပြောင်းကြတယ်ဆိုတာကိုပေါ့။ ချောင်လန်က တစ်ခြားသူတွေလိုပဲ ဒီနေရာကို rotate လုပ်ပြီး ရောက်လာတာပဲ။

သူမက ထိုင်ခုံနေရာကို တမင်သက်သက် ပြောင်းလိုက်တာမဟုတ်ဘူး။ ထန်းမော့ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တယ်။ ဒါပေမဲ့ အဲ့သက်ပြင်းထဲမှာ တစ်ခြားနူးညံ့တဲ့ စိတ်ခံစားချက်လေးတစ်ခု ရောပါနေတယ်။

တစ်ကယ်လို့ ထန်းမော့သူ အဲ့ခံစားချက်ကို လက်ခံယူနိုင်ပြီး နားလည်နိုင်မယ်ဆိုရင် အဲ့ဒီ့ စိတ်ခံစားချက်က စိတ်ပျက်အားငယ်မှုဆိုတာလို့ ခေါ်တာကို သိမှာပေါ့။

ဒါပေမဲ့ ထန်းမော့က သိပ်နားမလည်ဘူး။ သူက ဒီရင်းနှီးနေပြီဖြစ်တဲ့နေရာမှာ ထိုင်နေတာ ၂လလောက်ရှိသွားပြီ။ ဒါပေမဲ့ အခု သူအသားမကျတဲ့ တစ်စုံတစ်ခု ရှိနေတယ်။ သူက အခုထိ သူ့လွယ်အိတ်ကို စားပွဲခုံအပေါက်ထဲ မထည့်ရသေးဘူး။ အသံထွက်သွားမှာစိုးလို့လေ။

ဘာလို့လဲဆိုတော့ ချောင်လန်က စားပွဲပေါ်မှာ မှောက်အိပ်နေတာမလို့လေ။

သူမကြည့်ရတာ ကျောင်းမှာဆိုရင် ဘယ်တော့မှမပင်ပန်းတဲ့ပုံစံနဲ့ မအိပ်ချင်နဲ့ပုံစံလိုမျိုး အတန်းထဲမှာ အမြဲ စာဖတ်နေတာပါ။ ဒါပေမဲ့ ဒီနေ့ကျမှ ဘာလို့ ရုတ်တရက်ကြီး ခုံပေါ် မှောက်အိပ်နေတာပါလိမ့်။

သူမရဲ့ အချိန်ပိုင်းအလုပ်က အရမ်းပင်ပန်းလို့များလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ ၂ရက်တုန်းက သူမ အလုပ်မလာတာနဲ့များ ပတ်သက်နေတာလား။

ထန်းမော့မသိတော့ဘူး။ ဘာလို့လဲဆိုတော့ သူက ချောင်လန်နဲ့ ဘယ်တုန်းကမှ ပုံမှန်လို မဆက်ဆံဘူးလို့လေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now