အပိုင်း(၁၃)

6.1K 1K 9
                                    

Unicode
ချောင်လန် နည်းနည်းတော့ကြောင်သွားတယ်။ ဒါပေမဲ့ မေးခွန်းစာရွက်တွေ ဝေလာတော့ သူမအနောက်က ကျောင်းသားအကြောင်းကို စိတ်ရှုပ်ခံပြီးစဥ်းစားမနေတော့ဘူး။ သူမ ဒီမနက်ခင်းမှာ စာမေးပွဲ၂ခုတောင် ဖြေစရာရှိတယ်။ အဲ့တာကြောင့် တစ်ခြားသူတွေအကြောင်းကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး။
ထပ်ပြောရရင် မနက်ခင်းမှာဖြေရမဲ့ ၂ဘာသာထဲက ၁ဘာသာက physics ဖြစ်နေတယ်လေ။ ချောင်လန် ယုံကြည်ချက် မရှိဆုံး ဘာသာရပ်ကြီးလေ။

ဒါပေမဲ့ ချောင်လန် မေးခွန်းစာရွက်ကို ရပြီးတော့ မနှောင့်နှေးစေဘဲ စဖြေတော့တယ်။ စိတ်လှုပ်ရှားလွန်းလို့ အပြင်းအထန်ခုန်နေတဲ့ သူမရဲ့နှလုံးလေးလဲ တစ်ဖြည်းဖြည်း စည်းချက်ညီလာတယ်။ သူမ အရမ်းကို အာရုံစူးစိုက်ပြီး ဖြေနေခဲ့တယ်။

ချောင်လန် သူမအရင်တုန်းက ကြိုးစားသလောက်ကိုပဲ အရမ်းကြိုးစားခဲ့တယ်။ သူမရဲ့ အရင်အခြေခံတွေနဲ့ပေါင်းလိုက်တော့ သူမမျှော်လင့်ထားတာထက်ပိုတဲ့ ရလဒ်တွေကို ရရှိခဲ့တယ်။ စာမေးပွဲစပြီး တစ်နာရီခွဲကြာတာနဲ့ ချောင်လန်က အကုန်လုံးကို ဖြေပြီးသွားနေပြီ။ သူမမေးခွန်းတိုင်းကို အမှားမပါရအောင် ထပ်ခါထပ်ခါပြန်စစ်ပြီး သေချာတော့မှ ကျေနပ်အားရစွာနဲ့ စာရွက်ကို အပ်ခဲ့တယ်။

နေ့လည်မှာတော့ သူမ maths နဲ့ chemistry တို့ကို ဖြေရမှာဖြစ်တယ်။ chemistry စာမေးပွဲကတော့ ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားတယ်။ သင်္ချာကတော့ သူမ ယုံကြည်ချက်အရှိဆုံး ဘာသာရပ်တစ်ခုလေ။ ဒါက ဘာလို့လဲဆိုတော့ သူမက အရင်ဝိဥာဥ်မကူးပြောင်းခင်တုန်းက advanced mathematics ကို သင်ယူခဲ့ပြီးဖြစ်တာကြောင့် အထက်တန်းအဆင့် သင်္ချာလောက်ကတော့ သူမအတွက် အပျော့လေးပေါ့။ သင်္ချာမေးခွန်းအကုန်ဖြေပြီးဖို့ သူမအတွက် နာရီဝက်လေးပဲ ကြာလိုက်တယ်။

စာမေးပွဲက ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားတယ်။ ချောင်လန်က စိတ်ကောင်းတွေဝင်နေပြီး အဖြေလွှာတွေကို အပ်လိုက်တယ်။ သူမကို သင်္ချာပိုင်လားလို့ မေးတဲ့ ကောင်လေးက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တာကိုတော့ သူမ မကြားမိလိုက်ဘူး။ ပြီးတော့ အဲ့ကောင်လေးက သူ့ဘေးမှာထိုင်တဲ့ ကောင်လေးကို ဒီတစ်ခေါက်တော့ သူ့သင်္ချာအမှတ်ကောင်းပြီလို့ ပြောနေတာကိုလဲ သေချာပေါက် ချောင်လန်မကြားခဲ့လိုက်ဘူးပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now