အပိုင်း(၁၁၁)

4.2K 710 9
                                    

Unicode

ဘယ်လောက်တောင် ရဲတင်းပြီး ကလေးဆန်လိုက်တဲ့ ခြိမ်းခြောက်မှုလဲ!!

အတန်းပိုင်ဆရာ လန့်သွားခဲ့တယ်။

ထန်းမော့က သူ့ကိုယ်သူအခုထိ မူလတန်းကျောင်းတက်နေတာလို့များ ထင်နေတာလား??

ဒါပေမဲ့ ခဏလောက်စဥ်းစားပြီးသွားတော့ ထန်းမော့ဘာကစားနည်းကို ကစားနေတာလဲဆိုတာ အတန်းပိုင်ဆရာက သိသွားတယ်။

သူတို့ကျောင်းက အခုလက်ရှိ ဒီမြို့နယ်မှာဆို အရမ်းကောင်းတဲ့ ကျောင်းတစ်ခုအဖြစ် သတ်မှတ်လို့ရတယ်။ ပြီးတော့ သူတို့ကျောင်းရဲ့ တက္ကသိုလ်ဝင်ခွင့်နှုန်းက ထိပ်ဆုံး၅ကျောင်းမှာ ပါတယ်။ အဲ့တာကြောင့် တစ်ကယ်လို့ ဘာမတော်တဆမှ မဖြစ်ခဲ့ဘူးဆိုရင် ဒီနှစ်ရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ချန်ပီယံက ထိပ်ဆုံးကျောင်း၅ကျောင်းထဲက ဖြစ်မှာပဲ။

ကျောင်းမှာ စာတော်တဲ့ ကျောင်းသူကျောင်းသားတွေအများကြီးပဲ ရှိတယ်။ ဥပမာပြောရရင် ချန်ယောင်းရန်တို့လို ချောင်လန်တို့လိုပေါ့။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော သူတို့က ထန်းမော့နဲ့ မတူဘူးလေ။

ဘာပဲပြောပြော တစ်ကယ်လို့ သူတို့ကိုသာ ပါရမီရှင်တွေလို့ ခေါ်မယ်ဆိုရင် ထန်းမော့အတွက် သင့်တော်မဲ့ တစ်ဦးထဲသောစာလုံးက ဥာဏ်ကြီးရှင်ဆိုတာပဲ။

ကျောင်းဆရာအနေနဲ့သင်လာတဲ့ အချိန်အတွင်းမှာ အတန်းပိုင်ဆရာက ကျောင်းသားကျောင်းသူအများကြီးကို သင်ဖူးကြုံဖူးတယ်။ ဒါပေမဲ့ ထန်းမော့လိုလူမျိုးကိုတော့ တစ်ခါမှ မကြုံဖူးဘူး။ ထန်းမော့ရဲ့ အသိပညာက အထက်တန်းကျောင်းထက်တောင် အစောကြီးကထဲက သာလွန်နေပြီးသားလို့ သူက ယုံကြည်တယ်။

ဒီလိုကျောင်းသားမျိုးက နောက်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်ဆုံးနေရာ ရနိုင်ချေအများဆုံးပဲ။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ချန်ပီယံ !!! ဘယ်ဆရာက အဲ့လိုမျိုးတွေကို မတောင့်တ မလိုချင်ပဲ နေမှာလဲ။ အဲ့ဒီ့ကနေပါလာတဲ့ နှစ်ကုန်ဘောနပ်စ်ကိုမပြောနဲ့ဦး။ အဲ့တာတစ်ခုထဲကတင် အရမ်းကိုကြီးမားတဲ့ ဂုဏ်ဖြစ်နေပြီလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now