အပိုင်း(၁၁၄)

4K 692 30
                                    

Unicode

ထန်းမော့က Marvel ရုပ်ရှင်ကိုကြည့်နေခဲ့တယ်။ ဒါပေမဲ့ဒီနေ့ အတွေ့ကြုံကတော့ သေချာပေါက်ကို အကောင်းဆုံးထဲက တစ်ခုပဲ။ သာမန်လူတစ်ယောက်လို ရုပ်ရှင်ရုံထဲမှာ ထိုင်ပြီးကြည့်ရတဲ့ ပထမဆုံးအခေါက်ဖြစ်သလို 3Dရုပ်ရှင်ကို 3D မျက်မှန်တပ်ပြီး ကြည့်ရတာလဲ ဒါက ပထမဆုံးပဲ။

ဒါပေမဲ့ တစ်ခြားအရာတွေဘယ်လောက်ကောင်းနေပါစေ ဒီအတွေ့အကြုံတစ်ခုလုံးရဲ့ အကောင်းဆုံးအပိုင်းကတော့ ချောင်လန် သူ့ဘေးမှာထိုင်နေတာပါပဲ။ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာ ကိုယ်သဘောကျတဲ့လူက ကိုယ့်ဘေးမှာထိုင်နေတာက သူအရင်တုန်းက ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ ခံစားချက်တွေကို ထုတ်လွှတ်နေတဲ့ အတွေ့အကြုံပဲ။

သူက နောက်ဆုံးတော့ သူ့ရဲ့အလုံပိတ်ဘောလုံးလေးထဲကနေ ထွက်လာခဲ့ပြီး အပြင်လောကကြီးနဲ့ ထိတွေ့ခဲ့ပြီ။ ပြီးတော့ သူအဲ့လိုလုပ်နေတဲ့အချိန်မှာလဲ သူနှစ်သက်ရတဲ့လူက သူ့ဘေးနားမှာ အဖော်ပြုပေးခဲ့တယ်လေ။

သူတို့ဘေးနားက ဖြတ်သွားတဲ့ ယောက်ျားတွေရော မိန်းမတွေရောက သူတို့၂ယောက်ကို အရမ်းကိုလိုက်ဖက်ကြတဲ့ အတွဲတွေလို့ ပြောတာကို သူတစ်ခါတစ်ခါ ကြားကြားနေရတယ်။ လူတွေအများကြီးဖြတ်သွားတော့ သူလဲမနေနိုင်ဘဲ အနောက်ကိုလှည့်ကြည့်မိတယ်။ ဒီချိုမြိန်တဲ့ အထင်လွဲမှုက သူ့ခံစားချက်တွေကို ပိုပိုပြီး နစ်ဝင်လာစေခဲ့တယ်။

တစ်ကယ်လို့ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ဒီအရာတွေအကုန်လုံးက တစ်ကယ့်အစစ်အမှန်တွေဆိုပြီး သူ့ကိုယ်သူလှည့်စားဖို့ ဟန်ဆောင်ဖို့ ခက်ခဲတော့မှာ မဟုတ်ဘူး......

ဒါပေမဲ့ ဒါကအစပဲရှိသေးတယ်။ တစ်ကယ့် ညဥ်းဆဲမှုအစစ်က သူတို့ကျောင်းကိုပြန်ရောက်လာတဲ့ အချိန်ကျမှ စတင်လာတာဖြစ်တယ်။

အကြောင်းအရင်းကတော့ ရိုးရှင်းပါတယ်။ ထန်းမော့နဲ့ ချောင်လန်တို့ ရုပ်ရှင်ရုံမှာတုန်းက သူတို့၂ယောက် ရှော့ပင်းမောမှာ လမ်းလျှောက်နေတုန်းက သူတို့ကို သူတို့အတန်းဖော်တစ်ချို့က မြင်သွားခဲ့တယ်လေ။ သူတို့ကျောင်းက ကောင်လေးတစ်ချို့က အတူစုပြီး Marvel ရုပ်ရှင်သွားကြည့်ဖို့ လုပ်ခဲ့ကြတယ်။ သူတို့လက်မှတ်ဝယ်နေကြတုန်းမှာပဲ သူတို့က ချောင်လန်နဲ့ ထန်းမော့နဲ့ကို အဝေးကနေ လှမ်းမြင်လိုက်တာ ဖြစ်တယ်။ သူတို့၂ယောက် စုံတွဲဝတ်စုံတွေဝတ်ထားတာ၊ လက်ကိုင်ထားကြတာ၊ ပြီးတော့ ရုပ်ရှင်အတူကြည့်ကြတာတွေကို မြင်လိုက်ရတော့ သူတို့အားလုံးက တူညီတဲ့ ကောက်ချက်တစ်ခုကို ချခဲ့ကြတော့တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now