အပိုင်း(၆၀)

5.6K 1K 27
                                    

Unicode
ချောင်လန်ကတော့ ဘာတွေဖြစ်ခဲ့တာမှန်းမသိသေးဘူး။ ဒါပေမဲ့ သူမအလုပ်လုပ်နေတဲ့အချိန်မှာ မန်နေဂျာက အလုပ်သမားတွေဆီ တမင်လာပြီး ပြောခဲ့တယ်။ အခုတလော ကိစ္စတစ်ခုခုဖြစ်ခဲ့တာတဲ့။ ပြီးတော့ သူတို့ကို ညဆိုင်းဆင်းရင် ဂရုစိုက်နေဖို့ ပြောခဲ့တယ်။ အထူးသဖြင့်မိန်းကလေးတွေကိုပေါ့။ အဲ့တာပြောပြီးတော့ ဝန်ထမ်းတိုင်းကို ငရုတ်ကောင်း spray ဘူးနဲ့ အသီးခွဲတဲ့ ဓားတစ်ချောင်းဆီ ကမ်းပေးခဲ့တယ်။

ချောင်လန် : .......

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပုံမန်လိုပဲ ပြီးဆုံးသွားခဲ့တယ်။ ရဲတွေက ဓားပြ၂ယောက်ကို လိုက်ဖမ်းတာ ဖမ်းမိခဲ့တယ်လို့ သူမကြားတယ်။ ဒါပေမဲ့လဲ သူမဂရုစိုက်နေရဦးမယ်။

ချောင်လန် သူမပစ္စည်းတွေအကုန်လုံးကို သိမ်းပြီးသွားတော့ အချိန်ကို ကြည့်လိုက်တယ်။ ပြီးတော့ ပုံမန်လိုပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့တယ်။

အခုလက်ရှိအချိန်က ၁၁နာရီ၄၇မိနစ် ဆိုတော့ သူမအိမ်ပြန်ရောက်ရင် ၁၂နာရီ မိနစ်၂၀လောက်ရှိတော့မယ်။ ဒီနေ့က အိမ်စာတွေအများကြီး မရှိဘူး။ ဘာလို့လဲဆိုတော့ သူမက အများစုကို ကျောင်းမှာအားတဲ့အချိန်တုန်းက လုပ်ထားခဲ့တာမလို့လေ။ ဒါပေမဲ့လဲ သူမ မနက်ဖြန်သင်မဲ့ သင်ခန်းစာတွေကို အရင်ကြည့်ထားရဦးမယ်......

ချောင်လန်က အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး အချိန်ကို တွက်လာခဲ့တာ။ သူမလဲ ချောင်မိသားစုရဲ့ အိမ်တံခါးဝကိုရောက်ရော သူမမှန်းထားတဲ့အတိုင်းပဲ အချိန်က ၁၂နာရီမိနစ်၂၀ အတိအကျပဲ။

သူမခေါင်းကိုမော့ကြည့်လိုက်တော့ အိမ်က မီးတွေလင်းနေသေးတာကို မြင်လိုက်ရတော့ သူမ အနည်းငယ် အံ့ဩသွားတယ်။

ဒီအချိန်ဆိုရင် ချောင်မိသားစုကလူတွေအားလုံးက အိပ်နေသင့်တာလေ။ အမေချောင်ကတော့ ညနက်တဲ့အထိနေပြီး TV drama တွေကို ကြည့်လေ့ရှိတယ်။ ဒါပေမဲ့ သူမကလဲ ပုံမန်ဆို TV ကြည့်နေရင်တောင် ဧည့်ခန်းထဲကမီးတွေအကုန်လုံးကို ပိတ်ပြီးမှကြည့်တာပါ။

မီးတွေက ထိန်လင်းနေအောင်ထွန်းထားတယ်။ အပေါ်ကို တက်နေတဲ့ ချောင်လန့်ရဲ့ ခြေလှမ်းတွေ နှေးသွားတယ်။ တစ်ခုခုဖြစ်တော့မယ်လို့ သူမခံစားနေရတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now