အပိုင်း(၁၉)

6.2K 1K 27
                                    

Unicode
စာသင်ခန်းထဲမှာတော့ ချောင်လန်က အပြင်ကနေ ပြန်ရောက်လာပြီ။ စာသင်ခန်းနားမှာ ရှိနေကြတဲ့ ကျောင်းသားတွေကလဲ နောက်ဆုံးတော့ Legendary ချောင်လန်ကို တွေ့သွားကြပြီ။

ဒါပေမဲ့ Legendary ချောင်လန်ကတော့ အဆင့်၁ရသွားတာတောင် ပျော်တဲ့ပုံတစ်စက်ကလေးတောင်မပြဘူး။ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ကောင်မလေးက စာသင်ခန်းထဲကို တိတ်ဆိတ်စွာဝင်လာပြီး နောက်ဆုံးခုံလေးကိုကြည့်လိုက်တယ်။ ကြည့်ပြီးသွားတော့ ဘာစကားမှမပြောဘဲ သူမနေရာသူမ ပြန်သွားလိုက်တယ်။

သူမနည်းနည်းတော့ စိတ်ပျက်သွားတယ်ဆိုတာ ချောင်လန် ဝန်ခံပါတယ်။

ခုနလေးကပဲ အတန်းပိုင်ဆရာက သူမကို ခေါ်ပြီးပြောတယ် ထန်းမော့က သူမနဲ့ တစ်ခုံထဲမထိုင်ချင်ဘူးတဲ့လေ။

သူက မထိုင်ချင်ဘူးလို့ တည့်တည့်ကြီးပြောတာတဲ့ ဘာအကြောင်းပြချက်မှတောင်မပေးခဲ့ဘူးတဲ့။

အတန်းပိုင်ဆရာက လူကောင်းတစ်ယောက်ပါ။ သူက ချောင်လန့်ကိုတောင် နှစ်သိမ့်ပေးဖို့ ကြိုးစားခဲ့သေးတယ်။ " ထန်းမော့ကသမီးသိထားတဲ့ မတူဘူး။ သူက ငယ်ငယ်လေးကထဲက autism က အရမ်းပြင်းထန်ခဲ့တာ။ အဲ့နောက် သူ့မိသားစုမှာ ကိစ္စတစ်ခုဖြစ်လိုက်တော့ သူ့အခြေအနေက ပိုဆိုးသွားတယ်။ အစတုန်းကတော့ ထန်းမော့က ကျောင်းကိုလာဖို့ ဆန္ဒမရှိဘူး။ ထန်းမော့အဖေက ထန်းမော့လေး ကျောင်းသွားနိုင်ဖို့ကို အများကြီး အားထုတ်ခဲ့ရတာ။ ပြီးတော့ ထန်းမော့ကလဲ လူတွေနဲ့ နီးနီးကပ်ကပ် မနေချင်ဘူးဆိုတော့ ဆရာတို့လဲ သူ့ကို နောက်ဆုံးတန်းမှာပဲ ထိုင်ခိုင်းရတယ်။ "

" ဆရာ ရှင်းပြဖို့ မလိုတော့ပါဘူး ဆရာ။ သမီးနားလည်ပါတယ်။ "

သူမက ထန်းမော့အကြောင်းကို အတန်းပိုင်ဆရာထက် ပိုပြီးတော့တောင်သိသေးတယ်။

ထန်းမော့က ရိုးရိုးသာမန် autism ဖြစ်နေတာမဟုတ်ဘူးဆိုတာ သူမသိတယ်။ ပြီးတော့ သူ့ဆီမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကိုလဲ သူမသိတယ်။ သူမအခု ကြိမ်းသေပေါက် စိတ်ပျက်ရမယ်ဆိုတာ ကိုလဲ သူမသိခဲ့သေးတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now