အပိုင်း(၅၇)

5.6K 1.1K 59
                                    

Unicode
အတန်းချိန်လဲ ပြီးရော ချောင်လန်က သူမလက်ကိုင်ဖုန်းကိုထုတ်လိုက်ပြီး သူမမသိတဲ့စာလုံးအချို့ကို ရှာလိုက်တယ်။ အဲ့အချိန်မှာ ဖေးနင်က ဘယ်နေရာကနေပေါ်လာလို့ ပေါ်လာမှန်းမသိဘူး သူမရှေ့ကို ရောက်လာတယ်။ ပြီးတော့ သူက သူမကို သူမတွက်တက်တဲ့ ပုစ္ဆာအကြောင်းမမေးရသေးခင်မှာပဲ ချောင်လန့် လက်ကိုင်ဖုန်းကို မြင်သွားတော့ ပြောလိုက်တယ်။ " အိုး နင်ဖုန်းဝယ်လိုက်တာလား။ အဲ့တာဆို ငါ့နံပါတ် save ထားလိုက်ဦးလေ။ "

ချောင်လန်က သူ့ကို OK sign လုပ်ပြလိုက်တယ်။ ဖေးနင်က နံပါတ်တွေကို တန်းစီပြီး ရွတ်လိုက်တယ်။ ချောင်လန်က သူမဖုန်းထဲမှာ မှတ်ထားလိုက်တယ်။

ထန်းမော့က ချောင်လန့်ဖုန်းထဲက " Pei Ning " ဆိုတဲ့နာမည်ကို စိုက်ကြည့်နေရင်းက သူ့မျက်လုံးတွေ မဲမှောင်သွားတယ်။ ပြီးတော့ သူဘာစကားမှ မပြောတော့ဘူး။

ရက်အနည်းငယ်ကြာတော့ ချောင်လန်က သူမဖုန်းကို ထန်းမော့ကို ခဏကြည့်ပေးထားဦးလို့ ပြောပြီး အပ်ထားခဲ့တယ်။ ထန်းမော့က သူ့လက်ထဲက ဖုန်းအဖြူရောင်လေးကို အကြာကြီး စိုက်ကြည့်နေတယ်။ ပြီးတော့မှ ဖုန်းscreen ကို ဖွင့်လိုက်ပြီး contact list ကို ရှာလိုက်တယ်။

ချောင်လန့် လက်ကိုင်ဖုန်းထဲမှာ သူ့ဖုန်းနံပါတ်တစ်ခုထဲ ရှိတာ မဟုတ်တော့ဘူး။ ဖေးနင်အပြင် ချောင်လန် အလုပ်လုပ်ရင်းနဲ့ သိတဲ့လူတွေအများကြီးပါရှိနေတယ်။

contact က နာမည်ရဲ့ ပထမဆုံးစာလုံးကို ကြည့်ပြီး စီထားတယ်။ ထန်းမော့ရဲ့ မျိုးရိုးနာမည်က T နဲ့စတယ်။ အဲ့တော့ သူက နောက်ဆုံးတော့မဟုတ်ပေမဲ့ အတော်လေး နောက်ရောက်နေတယ်။ ဖေးနင်ရဲ့နာမည်ကတောင် သူ့အရှေ့မှာ ရောက်နေတယ်လေ။

ထန်းမော့ နှုတ်ခမ်းကို စေ့လိုက်တယ်။ သူ့နာမည်ကို နှိပ်လိုက်ပြီး Tan Mo ထဲက Tan အရှေ့မှာ 1 ဆိုတာကို ထပ်ထည့်လိုက်တယ်။

" Tan Mo " က " 1 Tan Mo " ဖြစ်လာခဲ့တယ်။

ပြီးတော့ သူက contact list ကို ပြန်ဖွင့်လိုက်တယ်။ သူ့နာမည်က ထိပ်ဆုံးမှာရှိနေတာကို ချက်ချင်းပဲ တွေ့လိုက်ရတယ်။ သူ့နောက်မှာ ရှိနေတာက ချောင်လန့်ဖုန်းနံပါတ်ပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now