အပိုင်း(၈၂)

4.6K 869 19
                                    

Unicode
နောက်နေ့မှာ ချောင်လန်က အဝတ်အစားတွေကို လက်ခံရရှိခဲ့တယ်။ ညကျ အဆောင်ကို ပြန်ရောက်လာတော့ သူမရဲ့အခန်းဖော်တွေအကုန်လုံးက သိချင်ကြတာနဲ့ ပြေးလာကြည့်ကြတယ်။

သူမ ဖွင့်ကြည့်လိုက်တော့ တစ်ကယ့်ကိုပဲ စကပ်အတိုဖြစ်နေတာကို တွေ့လိုက်ရတယ်။ စကပ်အတိုနဲ့ အအင်္ကျီက နည်းနည်းပွပြီး လက်ပြတ်အတို crop top လေးဖြစ်တယ်။ ၂ခုလုံးက အနီရောင်တွေ တောက်ပနေတာပဲ။ အင်္ကျီအသားက အဝတ်စနဲ့မတူပဲ ပလတ်စတစ်စလိုပဲ ကြမ်းနေတာပဲ။ ပြီးတော့ အဲ့တာနဲ့အတူ ငွေရောင်ခါးပတ်လေးက ပါသေးတယ်။

ကျောင်းက အဝတ်အစားတွေကို ရက်ရက်ရောရောကြီး ပေးနေတာ မဆန်းတော့ပါဘူး။ ဒီလိုအသားမျိုးဆိုရင် ယွမ်၂၀တောင်ကုန်မှာ မဟုတ်လောက်ဘူး။ ပြီးတော့ ဒုတိယတစ်ခေါက် ဝတ်လို့မရလောက်ဘူး။

ဒါပေမဲ့ ဒီလို အရမ်းကြီး ပုံကြီးချဲ့ထားတဲ့ တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေကလဲ ပုံမန်ဝတ်လို့ ရတဲ့ဟာတွေလဲ မဟုတ်ပါဘူး။

ပိုင်ယွီက ချောင်လန့်ကို ကြည့်ကြည့်ရအောင်လို့ အစမ်းဝတ်ကြည့်ဖို့ ဖြောင်းဖြလိုက်တယ်။ ချောင်လန်က ပစ္စည်းတွေကို သိမ်းလိုက်ပြီးတော့ အဝတ်အစားလဲလိုက်တယ်။ သူမက ဖိနပ်အပါးလေးပဲ စီးထားပေမဲ့ သူမရဲ့ ရှည်လျားပြီး ဖြူဖွေးနေတဲ့ ခြေထောက်၂ချောင်းကို နည်းနည်းလေးတောင် သက်ရောက်မှု မရှိစေခဲ့ဘူး။ ဒါ့အပြင် သူမရဲ့ပေါ်နေတဲ့ ခါးလေးက လူတွေကို ပိုပြီးတော့ အားကျတဲ့စိတ်တွေ ပိုပေါ်လာစေတယ်။

သူမအခန်းဖော်တွေက သက်ပြင်းမချပဲ မနေနိုင်ကြတော့ဘူး။ " သူမခြေထောက်တွေကို ကြည့်ပါဦး။ ဒါကို လုံးဝပြီးပြည့်စုံနေတဲ့ ခြေထောက်လေးလို့ ခေါ်တယ်။ "

" ငါကြားတာတော့ အဲ့နေ့ကျရင် နင့်ကို မိတ်ကပ်ပြင်ပေးကြဦးမှာတဲ့။ " ပိုင်ယွီက ချောင်လန့်ထက် ပိုပြီး စိတ်လှုပ်ရှားနေတယ်။ " လန်လန် အဲ့ကျရင် နင့်ကို ဓာတ်ပုံလှလှလေးတစ်ပုံ ငါရိုက်ပေးမယ်။ "

ချောင်လန်က ပိုင်ယွီ့ကို OK ဆိုတဲ့ ပုံစံလေးလုပ်ပြလိုက်တယ်။

နောက်နေ့စာသင်ခန်းထဲကို ရောက်လာတော့ အခန်းထဲက ကောင်လေးတစ်ယောက်က ချောင်လန့်ကို မေးလိုက်တယ်။ " ဆိုင်းဘုတ်ကိုင်တဲ့ ခေါင်းဆောင်တွေရဲ့ အဝတ်အစားတွေက အရမ်းမိုက်တယ်လို့ ငါကြားတာ။ ချောင်လန် အဲ့တာက အမှန်ပဲလား။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now