အပိုင်း(၉၉)

3.8K 734 9
                                    

Unicode
ချောင်လန်က ဒုတိယအစ်မချောင်ကို ရှင်းထုတ်ပြီး ကားထဲဝင်လာခဲ့တယ်။ သူမမော့ကြည့်လိုက်လိုက်ချင်းမှာ သူမကိုကြည့်နေတဲ့ ထန်းမော့မျက်လုံးတွေနဲ့ ဆုံတွေ့သွားတယ်။

သူတို့၂ယောက်အတွက် တစ်ယောက်ကိုတစ်ယောက်ကြည့်တယ်ဆိုတာ ပုံမန်ပါပဲ။ အရင်တုန်းကလဲ ဘယ်နှခါလောက်အကြည့်ချင်းဆုံဖူးမှန်း သူမမသိတော့ဘူးလေ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူမက သူ့မျက်နှာကိုမတွေ့တာကြာသွားလို့လား ဒါမှမဟုတ် ဟိုတစ်နေ့က သူမအမှတ်တမဲ့ပြောလိုက်မိတဲ့ စကားတွေကြောင့်လားတော့ မသိဘူး သူမနှလုံးသားထဲက တစ်ခုခုက ပြောင်းလဲသွားသလိုပဲ။

ထန်းမော့နဲ့ အကြည့်ချင်းဆုံသွားတော့ ချောင်လန်က တစ်ကယ်ကြီးရှက်သွားပြီး အကြည့်လွှဲလိုက်တယ်။

ကံကောင်းတာက ထန်းမော့က ဒီမျက်နှာအမူအရာသေးသေးလေးကို သတိမထားလိုက်မိဘူး။ တစ်ကယ်လို့ သူသတိထားခဲ့မိတယ်ဆိုရင်တောင် သူက ဒါကဘာလိုဆိုလိုတာလဲဆိုတာ မသိလောက်ပါဘူးလေ။ ဒီလိုတွေးလိုက်တော့ ချောင်လန်က ပြန်ပြီး စိတ်ပေါ့သွားပြန်တယ်။

ဦးလေးချန်က လွန်ခဲ့တဲ့၂ရက်လုံးလုံး အများကြီး ခံစားနေခဲ့ရတာ။ ဒါပေမဲ့ သူက ချောင်လန့်ကို ခုနက သူမကိုလာဆွဲနေတဲ့လူက ဘယ်သူလဲလို့ အားစိုက်ပြီး မေးလိုက်သေးတယ်။

" သမီးရဲ့ ဒုတိယအစ်မပါ "

ချောင်လန်နဲ့ ဦးလေးချန်တို့က ပုံမန်လိုပဲ စကားစမြည်ပြောနေကြတယ်။ သူမက ဦးလေးချန်နဲ့ ထန်းမော့တို့ကို အပြင်လူတွေလို့ မသတ်မှတ်ထားဘူး။ ပြီးတော့ သူမက ဒုတိယအစ်မချောင်ရဲ့ လုပ်ရပ်တွေကိုလဲ စိတ်ကောင်းထားပြီး မဖုံးကွယ်ထားပေးဘူး။ သူမက ရိုးရိုးပဲ အစ်မချောင်နဲ့ ဘာဖြစ်ခဲ့တာလဲဆိုတာကို ရှင်းပြလိုက်တယ်။

သူမပြောတာကိုနားထောင်ပြီးသွားတော့ ဦးလေးချန်က ဘာပြောရမလဲတောင် မသိတော့ဘူး။

တစ်ခါတစ်လေကျရင် ဦးလေးချန်နားမလည်နိုင်ဘူး။ ဘာလို့ ချောင်လန့်လို့ ဒီလောက်ကောင်းတဲ့ကလေးမျိုးက အခုလိုဆိုးဝါးလှတဲ့ မိသားစုဝင်တွေရှိနေရတာလဲဆိုတာကိုပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now