အပိုင်း(၉၄)

4.2K 668 8
                                    

Unicode
ချောင်လန်က အခုတလော နိုင်ငံခြားဆရာတစ်ယောက် ဖန်တီးထားတဲ့ handmade tapestry (ဇာထိုးပန်းထိုးလိုမျိုးပဲနဲ့တူတယ်)လေးတွေကို တွေ့တွေ့နေတယ်။ အစတုန်းကတော့ ချောင်လန်ထင်တာက အဲ့တာလေးတွေက လှတယ်လို့ပေါ့။ ဒါပေမဲ့ သူမ ရုတ်တရက် အကြံတစ်ခုရသွားတယ်။

သူမ နေရာအများကြီးကို သွားပြီး handmade tapestry လေးတွေလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်လာတယ်။

သူမက အဲ့တာလေးတွေနဲ့ clover အရွက်လေးပုံထိုးမှာဖြစ်တယ်။

pattern ကတော့ အရမ်းရိုးရှင်းပါတယ်။ ဒါပေမဲ့ လုပ်ဖို့ကျတော့ နည်းနည်းခက်နေတုန်းပဲ။ အဲ့တာက အပ်ချည်ကြိုးတွေကို pattern ဖြစ်လာအောင် တစ်ခုချင်းစီ ချိတ်ပေးရတယ်။ လုပ်ရတဲ့ လုပ်ငန်းစဥ်ကလဲ အရမ်းကို အသေးစိတ်တယ်။ ဒါပေမဲ့ ရလာတဲ့ ပစ္စည်းကတော့ အရမ်းကိုလှတယ်။

အဖတ်လေးဖတ်ပါတဲ့ clover အရွက်လေးတွေက နည်းနည်း three dimensional ဆန်နေတယ်။ ပြီးတော့ တစ်ချက်ကြည့်လိုက်တာနဲ့ တစ်ကယ့် အရွက်လေးလိုပဲ။

ထန်းမော့က မွေးနေ့အတွက် ဘာလက်ဆောင်လိုချင်လဲဆိုတာ ချောင်လန့်ကို မပြောပြခဲ့ဘူး။ သူက သီချင်းစာသားကိုနားထောင်ပြီးသွားတုန်းက တစ်ခေါက်ပဲ စဥ်းစားလို့ရခဲ့တာ။ ဒါပေမဲ့ အဲ့တာကို သူက မတောင်းရဲဘူး။ ဘာလို့လဲဆိုတော့ ချောင်လန်က တစ်ခုခုထူးဆန်းနေတာကို သတိထားမိသွားမှာစိုးလို့လေ။

သူက ဆိုဖာပေါ်မှာ ထိုင်နေတယ်။ အခုက သူ့မွေးနေ့ကြီးဖြစ်နေရက်သားနဲ့ သူက မွေးနေ့ပွဲလုပ်ဖို့ စိတ်မပါဘူး ဖြစ်နေတယ်။

TV မှာ ဦးလေးချန်က ဒီတိုင်းပဲ ဇာတ်ကားလေးတွေ ဖွင့်လိုက်တယ်။ ချောင်လန်က ထန်းမော့ကို ရုပ်ရှင်ကားလေးတွေကို အချိန်ရရင် ကြည့်ကြည့်လို့ပြောပြီးကထဲက ဦးလေးချန်က ဇာတ်ကားတွေအများကြီးကို ဝယ်လာပြီး တစ်ခြားဘာမှလုပ်စရာမရှိရင် သူ့ကို ရုပ်ရှင်တွေပြပြပေးတယ်။

ထန်းမော့က အမှုကိစ္စတွေတို့ စုံထောက်ကားတွေတို့ကို ကြည့်ရတာ ကြိုက်တယ်။ သူ့အမြင်မှာတော့ အဲ့တာတွေက စိတ်ဝင်စားဖို့ကောင်းတာပေါ့။ ဥပမာပြောရရင် " Inception " တို့ " Twelve Angry Men " တို့လို ဇာတ်ကားတွေပေါ့။ ဦးလေးချန်ကလဲ သူကြိုက်တဲ့ပုံစံကိုလိုက်ပြီး ရုပ်ရှင်တွေကို ရွေးရွေးပြတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now