အပိုင်း(၁၀၅)

4K 798 42
                                    

Unicode
ထန်းမော့က တစ်နေကုန် ပြန်လည်ကုသရေးလုပ်ပြီးသွားတော့ တစ်ကိုယ်လုံးက ရေထဲကတက်လာသလိုမျိုး ချွေးတွေနဲ့ စိုရွှဲနေတာပဲ။ သူက လက်ကိုမြှောက်ဖို့ အားမရှိတော့တဲ့အထိကို ခြေကုန်လက်ပန်းကျနေတယ်။

အရမ်းနာတာပဲ။

ထန်းမော့ ကားအက်စီးဒန့်ဖြစ်တုန်းက သူ့ခြေထောက်ကျိုးတော့ရတဲ့ နာကျင်မှုက သူ့ဘဝမှာ အကြီးမားဆုံးနာကျင်မှုကြီးပဲလို့ သူထင်ခဲ့တာ။ ပြန်လည်ကုသရေးလုပ်တော့မှ သူခြေထောက်ကျိုးတုန်းက ရတဲ့ နာကျင်မှုက ဘာမှမပြောပလောက်ဘူးဆိုတာ သူသိလာရတယ်။

New Yorkမှာ ရှိတဲ့ ဆေးရုံက သူ့ကို ပြောတယ် သူ့ခြေထောက်တွေက ကုလို့ရတယ်တဲ့။ ဒါပေမဲ့ အရမ်းအရမ်းကို ခက်ခဲမှာတဲ့။

သူ့ရဲ့ ဒူးခေါင်းက patella အရိုးက ကျိုးသွားတယ်။ အဲ့တာကြောင့် အဲ့တာကို ပြန်ပြင်ဖို့ ခွဲစိတ်မှုလုပ်ရတယ်။ မခွဲစိတ်ခင်မှာ သူ့ရဲ့အရင်တုန်းက သက်သာနေပြီဆိုပေမဲ့ ရွဲတွဲနေတဲ့ ကြွက်သားတွေနဲ့ အရိုးတွေကို ပြန်ပြီး ခွဲပစ်ရတယ်။ ခွဲစိတ်ခန်းထဲက ထွက်လာတော့ မေ့ဆေးက တစ်ဖြည်းဖြည်းနဲ့ အရှိန်ပြန်လာခဲ့တော့ ၁နှစ်ခွဲလောက် ဘာမှခံစားခဲ့ရတဲ့ သူ့ခြေထောက်တွေက စပြီး ကိုက်ခဲလာခဲ့တယ်။ အရိုးတွေဖြစ်ဖြစ် အာရုံကြောတွေဖြစ်ဖြစ် ဒါမှမဟုတ် ကြွက်သားတွေဖြစ်ဖြစ် မနာတဲ့နေရာကို မရှိဘူး။

သူ ခြေထောက်ကို လှုပ်တောင်မလှုပ်ရဲဘူး။ ခွဲစိတ်မှုပြီးတော့ သူ့ခြေထောက်တွေက အသေကို တောင့်နေခဲ့တာ။ ပြီးတော့ ခွဲစိတ်မှုကြောင့် သူ့ဒူးတွေကလဲ အရမ်းကို ကျိုးပဲ့လွယ်နေတယ်။ ပြီးတော့ ဒဏ်ရာကလဲ အရမ်းကို ပြင်းထန်ပြီး အရမ်းနာရတယ်။ သူက နာတာ ယောင်တာ သက်သာအောင်လို့ နေ့တိုင်းနေ့ ရေခဲအုပ်ပေးတယ်။ ဒဏ်ရာက နောက်တစ်ခါပြန်ပြီး ကွဲထွက်တော့မလို့ ခံစားနေနေရတယ်။

သူ့မှာ Asperger ရောဂါ ရှိတာမလို့ ထန်းမော့က သာမန်လူတွေထက် နာကျင်မှုကို ပိုပြီး sensitive ဖြစ်တယ်။ တစ်ခါတစ်လေ နာကျင်မှုက ရုတ်တရက် တိုက်ခတ်လာတဲ့အချိန်မှာ ဆေးသောက်ရုံနဲ့ အကျိုးမထူးခဲ့ဘူး။ အဲ့တာကြောင့် နာကျင်မှုကို မခံနိုင်တော့လို့ မေ့လဲတဲ့အထိ ရောက်သွားရတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now