အပိုင်း(၃၇)

5.7K 1K 18
                                    

Unicode
ဒုတိယတစ်ကြိမ်စာမေးပွဲက ၁၀ရက်တောင်လိုသေးတယ်။ ပုံမှန်ဆိုရင် စာမေးပွဲအတွက် မေးခွန်းတွေကို ဆရာ ဆရာမတွေက ကိုယ်တိုင်ထုတ်ကြရတယ်။ ဒါပေမဲ့ အတန်းလဲစရော အတန်းပိုင်ဆရာက အားလုံးကို သတင်းဆိုးတစ်ခု ပြောလိုက်တယ်။

" ဒီတစ်ကြိမ်မှာတော့ ဆရာတို့က Sမြို့က အမှတ်(XX) အထက်တန်းကျောင်းကနေ စာမေးပွဲ မေးခွန်းတွေကို ဝယ်လိုက်တယ်။ အားလုံးပဲ အမှတ် XX အထက်တန်းကျောင်းကိုသိကြတယ်မလား။ "

အဲ့စကားကို ကြားလိုက်ရတော့ တစ်တန်းလုံး စတင်အော်ဟစ်ငိုကြွေးကြတော့တယ်။

ဒီအထက်တန်းပထမနှစ်မှာ XXအထက်တန်းကျောင်းဆိုတာကို မကြားဖူးတဲ့သူမရှိဘူး။

ပြည်နယ်တစ်ခုချင်းစီရဲ့ ထိပ်ဆုံးကျောင်းတွေ အားလုံးထဲမှာမှ မြောက်ပိုင်း ပြည်နယ်မှာရှိတဲ့ ကျင်းဟွာတက္ကသိုလ်ကို တက်ခွင့်ရတဲ့ ကျောင်းသားတစ်ဝက်လောက်က XXအထက်တန်းကျောင်းကပဲ။

သူတို့ကျောင်းက စာမေးပွဲမေးခွန်းကိုအဲ့ဒီ့ကျောင်းကနေ ဝယ်ထားတယ်ဆိုတာ သူတို့သိလိုက်ရတော့ ဒီတစ်ခေါက်လပတ်စာမေးပွဲက အရမ်းအရမ်းကို ခက်မယ်ဆိုတာ အားလုံးက ချက်ချင်းနားလည်လိုက်ကြတယ်။

တစ်ခန်းလုံးက စငိုကြတော့တယ်။ ဒါပေမဲ့ တော်တော်လေးပျော်နေကြတဲ့ တစ်ချို့ ကျောင်းသားတွေလဲရှိတာပေါ့။ ဥပမာပြောရရင် ဖေးနင်တို့ ချန်ယောင်းရန်တို့ လိုကျောင်းသားတွေပေါ့။

မေးခွန်းကခက်တယ်ဆိုရင် ကွာဟချက်က ပိုများလာမှာလေ။ အထူးသဖြင့် maths, physics, english တို့လို အမှတ်များများ သယ်နိုင်ဖို့ လွယ်တဲ့ ဘာသာရပ်တွေမှာပေါ့။ စာတော်တဲ့ကျောင်းသားတွေအတွက်ကတော့ ဒါက အားသာချက်တစ်ခုပဲ။

ဒါ့အပြင် ဒီကျောင်းရဲ့ စာမေးပွဲတွေက အမှတ်ပေးပုံထူးခြားတယ်။ ဘာသာရပ်တိုင်းကို အမှတ် ၁၀၀ အစား အမှတ် ၁၅၀ ပေးထားတယ်။ ဒီလိုလုပ်ထားတာက တက္ကသိုလ်၀င်ခွင့်စာမေးပွဲရဲ့ အမှတ်ပေး စည်းမျည်းကို ကြိုပြီးတော့ နားလည်ထားရအောင်ဖြစ်တယ်။

တစ်ခြားကျောင်းရဲ့ အမှတ်၁၀၀တန် မေးခွန်းကို ယူပြီးတော့ အမှတ်၁၅၀ပြည့်အောင်လို့ မေးခွန်းတစ်ခုချင်းစီကို အမှတ်တွေ ပြောင်းလိုက်တယ်။ တစ်ကယ်လို့ ဒီလိုနည်းလမ်းအတိုင်းသာ လုပ်မယ်ဆိုရင် မေးခွန်းတစ်ခုချင်းစီရဲ့ အမှတ်က ပိုပိုများလာပြီး ကွာခြားချက်ကလည်း ပိုပိုကြီးလာမယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now