အပိုင်း(၁၄၁)

2.3K 381 14
                                    

Unicode

ဒါက တစ်ကယ့်ကို လှပတဲ့ နားလည်မှုလွဲတာပါနော်။

သူမက တစ်ကယ်ကြီး အတိုက်အခိုက်သင်နေတာပါနော်။

ချောင်လန်က စိတ်ညစ်သွားတယ်။ ဒါပေမဲ့ မရှင်းပြခဲ့ဘူး။

ရှင်းပြဖို့လဲ မလိုဘူးလေ။ ပထမအချက်က သူမနဲ့ ထန်းမော့တို့က ချစ်သူရည်းစားတွေလေ၊ ပြီးတော့ နောက်တစ်ချက်က သူမနဲ့ နည်းပြနဲ့ကလဲ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးကြတာမှ မဟုတ်တာ။ အဲ့တာကြောင့် ရှင်းပြဖို့ မလိုဘူးလေ။

ဒီတိုင်း မျက်နှာက နည်းနည်းပဲ နီသွားခဲ့တယ်။

ထန်းမော့က ချောင်လန့်ထက်ပိုပြီး တည်ငြိမ်တယ်။ ဖြစ်နိုင်တာက ချောင်လန့်ကို သင်ပေးတဲ့ ရည်ရွယ်ချက်က အစကထဲက မရိုးရှင်းဘူးနဲ့တူတယ်။ သူက ချောင်လန့်ခါးကိုဖက်ထားတာတောင် ရှက်မနေဘူး။ နည်းနည်းလေးမှ မဖယ်သွားဘူး။ ပြီးတော့ ချောင်လန့်ကို ဆက်သင်ဦးမလားလို့တောင် မေးပြီးပျော်နေလိုက်သေးတယ်လေ။

" မသင်တော့ဘူး " ချောင်လန်က ထန်းမော့အပေါ်က ထလိုက်တယ်။ သူမပါးတွေက နည်းနည်းပူနေတုန်းပဲ။

သူမက ၁၈နှစ်ရှိနေပြီ။ ပြီးတော့ ဒီလိုအရာတွေသင်ဖို့ နည်းနည်းနောက်ကျနေပြီလေ။ သူမက ထန်းမော့မှ မဟုတ်တာ။ ထန်းမော့က စာမလုပ်ပဲနဲ့လဲ အဆင့်၁ကို ရနိုင်တယ်လေ။ သူမကတော့ မရဘူး။ ချန်ယောင်းရန်ဆီကနေ အဆင့်၂လုယူမခံရဖို့ ချောင်လန်က နည်းနည်းလေးမှ စိတ်ကိုလွှတ်မထားရဲပါဘူးနော်။

ပြီးတော့ သူမက အကောင်းဆုံး တက္ကသိုလ်ကို သွားရဦးမှာလေ။ ထန်းမော့နဲ့တူတူ အကောင်းဆုံး တက္ကသိုလ်ကို သွားရဦးမှာ။

အဲ့တာကြောင့် သူမကောင်လေးက အရမ်းတော်လွန်းနေတော့ သူမက အရမ်းဖိအားများတယ်ဆိုတာ မှန်တာပဲ။ ထန်းမော့အရင်တုန်းကပြောခဲ့ဖူးတာကို ချောင်လန်စဥ်းစားလိုက်ရင် ဘာလို့ ဒီလောက်ကောင်း ဒီလောက်တော်တဲ့ ထန်းမော့က အရမ်းသိမ်ငယ်စိတ်တွေရှိနေရတာလဲဆိုတာ သူမနားမလည်နိုင်ဘူး။

ချောင်လန်က သက်ပြင်းချလိုက်တယ်။ " နင်ပဲ ကြိုးကြိုးစားစားသင်တော့။ ငါက သင်စရာမလိုဘူး။ " ချောင်လန်က ညင်သာစွာပြောလိုက်တယ်။ " ငါ့မှာနင်ရှိတာပဲ။ နင်ကငါ့ကို ကာကွယ်ပေးမှာပဲလေ။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now