အပိုင်း(၁၀၁)

4.1K 712 16
                                    

Unicode
ဘေးကပ်ရပ်က အခန်းထဲမှာတော့ ဦးလေးချန်က ထန်းမော့အခန်းတံခါးကို သာသာလေးခေါက်လိုက်ပြီး အထဲဝင်သွားတာ တံခါးကို ပြန်ပိတ်လိုက်တယ်။

ထန်းမော့က အဖေထန်းကို မကြိုက်ဘူး။ အဖေထန်းက ထန်းမော့အရမ်းငယ်ငယ်လေးတုန်းက သူ့အတွင်းရေးမှူးနဲ့ ဖောက်ပြန်ပြီး အမေ့ကို လိမ်ညာခဲ့တယ်။ သူ့အမေက သူ့အဖေနဲ့ ကွာရှင်းပြီးသွားတဲ့နောက်မှာ သူမက သူ့ကို အမေရိကားကို ခေါ်သွားခဲ့တယ်။ ထန်းမော့က သူ့အဖေအပေါ်မှာ ခံစားချက်သိပ်မရှိဘူး။ ဒါပေမဲ့ သူ့အဖေနဲ့အတွင်းရေးမှူးအပေါ်မှာထားတဲ့ သူ့ရဲ့ခံစားချက်တွေက အရမ်းအားနည်းလွန်းတော့ မုန်းတီးစိတ်ဆိုတာကို မထုတ်လုပ်ပေးနိုင်ခဲ့ဘူး။

အဖေထန်းက စစ်ဆေးရေးမှူးရုံးထဲကို အောင်အောင်မြင်မြင်နဲ့ ဝင်ခွင့်ရခဲ့တာက ထန်းမော့အမေကြောင့်လေ။ အဖေထန်းက အခု မြို့နယ်တရားရုံးရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်လာပေမဲ့ အစတုန်းက အမေထန်းသာသူ့ကို မကူညီပေးခဲ့ဘူးဆိုရင် သူက ဒီနေ့ဒီလိုနေရာမှာ ရှိလာနိုင်မှာ မဟုတ်ဘူးဆိုတဲ့အချက်ကိုတော့ သူက ဘယ်တုန်းကမှ မငြင်းပယ်ခဲ့ဘူး။

အဖေထန်းက သူ့အတွင်းရေးမှူးနဲ့ ဖောက်ပြန်ခဲ့တယ်။ ပြီးတော့ ထန်းမော့အမေကလဲ နောက်တစ်ခါတောင် စဥ်းစားမနေဘဲ ချက်ချင်းကွာရှင်းခဲ့တယ်။ သူက သူ့အရင်မိန်းမနဲ့ သားအပေါ်မှာ တစ်ကယ့်ကို အပြစ်ရှိတယ်လို့ ခံစားရတယ်။ အထူးသဖြင့် ထန်းမော့အမေဆုံးပြီးသွားတော့ပေါ့။ အဲ့တာကြောင့် ထန်းမော့ကို အတင်း သူ့ဆီပြန်ခေါ်ခဲ့တာပေါ့။

အဲ့တာပြီးတော့ အဖေထန်းက ထန်းမော့ကို အကောင်းဆုံး ပြန်ပြီး ပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ထန်းမော့အမေရဲ့ သေဆုံးမှုက အရမ်းကို ကြီးမားလွန်းတယ်။ အဖေထန်းက ပြန်ပေးဆပ်ချင်တယ်ဆိုရင်တောင် ဘယ်နေရာကနေ စရမယ်မှန်း သူမသိဘူး။

ဒီနေ့ သူက ဦးလေးချန်ဆီကနေ ဖုန်းရခဲ့တယ်။ ဦးလေးချန်ကပြောတယ်။ ထန်းမော့က အမေရိကားကို ပြန်ဖို့ ပြင်ဆင်နေတယ်တဲ့။ အဖေထန်းက အံ့ဩသွားပြီး သူ့စိတ်ပျက်မှုကို မဖုံးကွယ်နိုင်တော့ဘူး။ ပြီးတော့ သူက နည်းမျိုးစုံနဲ့ ဖြောင်းဖြပေမဲ့လဲ အကျိုးမထူးခဲ့ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now