အပိုင်း(၁၂၇)

3.5K 578 22
                                    

Unicode

ချောင်လန်က သူမနဲ့ထန်းမော့တို့က တွဲနေကြတာမဟုတ်ပါဘူးလို့ ဘယ်နှခါပဲပြောပြော အခုတော့ ပိုင်ယွီက သူမကိုသတ်လိုက်မယ်ဆိုရင်တောင် မယုံတော့ဘူး။

သူတို့၂ယောက်က ဖက်တောင်ဖက်ပြီးနေကြပြီကို။ မတွဲကြသေးဘူးဆိုတာ ဖြစ်နိုင်လို့လား??

ဒါပေမဲ့ ချောင်လန်ကလဲ ဒါကို နားလည်အောင် မရှင်းပြတက်တော့ဘူး။

ပိုင်ယွီက နေ့တိုင်းနေ့ ခွေးစာအကျွေးခံရပြီး အနှိပ်စက်ခံနေရတော့ သူမပုံက အတွေ့အကြုံရင့်တဲ့ အဖွားကြီးနဲ့တောင် တူလာပြီ။ " ယောက်ျားနဲ့ မိန်းမကြားမှာ ဘာမှဖြူစင်တဲ့ ဆက်ဆံရေးဆိုတာ မရှိဘူးဆိုတဲ့ ဆိုရိုးက အရမ်းမှန်တာပဲ။ "

ချောင်လန်က ပြန်စလိုက်တယ်။ " အဲ့တာဆို နင်နဲ့ ရင်းဇီချီးကရော ရိုးရိုးသားသား မဟုတ်ဘူးပေါ့?? "

ရင်းဇီချီးက ပိုင်ယွီရဲ့ tablemate လေ။ သူတို့၂ယောက်က အထက်တန်းပထမနှစ်ကထဲက တူတူထိုင်လာကြတာ။ နောက်တော့ အတန်းတွေပြန်ခွဲတော့လဲ သူတို့က တစ်ခန်းထဲကျပြီး တူတူဆက်ထိုင်ခဲ့ကြတာလေ။ အခုလဲ တတိယနှစ်တောင် ပြီးတော့မယ်။ သူတို့က အခုထိ တူတူထိုင်နေကြတုန်းပဲ။ ချောင်လန်နဲ့ ထန်းမော့တို့က ပိုင်ယွီနဲ့ ရင်းဇီချီးတို့ရှေ့မှာထိုင်တာဖြစ်တယ်။ နေ့တိုင်းနေ့တိုင်း သူတို့၂ယောက် စကားများပြီး ပွစိပွစိပြောနေကြတာကို ကြားနေရတယ်လေ။ နောက်ဆုံးပိုင်ယွီကစိတ်ဆိုးသွားပြီဆိုရင် ရင်းဇီချီး ကသူမကိုပြန်ပြီး ချော့တော့တယ်လေ။

ဒီလူ၂ယောက်က ပုံမန်သူငယ်ချင်းကောင်းတွေမျိုးတော့ မဟုတ်လောက်တာသေချာတယ်။

ချောင်လန်က ရုတ်တရက်ကြီး ရင်းဇီချီးနာမည်ကို ပြောလိုက်တော့ ပိုင်ယွီက ခဏလောက်ကြောင်သွားတယ်။ ပြီးတော့မှ သူမက ရှက်ရှက်နဲ့ ထခုန်ပြီးအော်လိုက်တယ်။ " သူကချွင်းချက်လေ။ တစ်ကယ်တော့ ယောက်ျားနဲ့မိန်းမကြားမှာ ဖြူစင်တဲ့ ဆက်ဆံရေးရှိပါသေးတယ်။ ဆိုရိုးတောင်ရှိသေးတယ်လေ အရုပ်ဆိုးလေ ဖြူစင်လေတဲ့။ ရင်းဇီချီးက အဲ့လိုပဲ!! ရုပ်ဆိုးပြီး ဖြူစင်တယ်။ ငါနင့်ကိုပြောမယ်နော် ငါက ငါကြိုက်တဲ့ပုံစံမျိုးနဲ့ ဘယ်တော့မှ သူငယ်ချင်းသွားမလုပ်ဘူး။ ငါ့ဘော်ဒါတွေအကုန်လုံးက သေချာပေါက် ငါမကြိုက်တဲ့ပုံတွေချည်းပဲ။ ပြီးတော့ ရင်းဇီချီးနဲ့ ငါနဲ့က ဒီတိုင်း ရိုးရိုးသားသားပါပဲနော်။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now