အပိုင်း(၇၂)

5K 902 19
                                    

Unicode

အန်တီချန်ရဲ့ ဇာတိက ဒီနဲ့သိပ်မဝေးဘူး။ ကားနဲ့မောင်းသွားမယ်ဆိုရင် ၃နာရီလောက်ပဲ မောင်းရတယ်။ အရင်တုန်းက ဦးလေးချန်ပြောတာက အန်တီချန့်မိသားစုမှာ တစ်ခုခုဖြစ်လို့တဲ့။ ဒါပေမဲ့ အဲ့တာက ဘာလဲဆိုတာကိုတော့ အသေးစိတ်မပြောခဲ့ဘူး။ ဒါပေမဲ့ ရက်အနည်းငယ်လောက်ကြာတော့ ဦးလေးချန်က ချောင်လန့်ကိုပြောတယ်။ သူလဲ အဲ့ကိုသွားကြည့်ရမှာတဲ့။ မနက်ဖြန်ဆိုပြန်လာမယ်လို့တော့ ပြောသွားတယ်။ အဲ့တာကြောင့် သူက ထန်းမော့ကိုတစ်ရက်လောက်ကူကြည့်ပေးဖို့ ချောင်လန့်ကို ပြောခဲ့တယ်။

ချောင်လန်က ထန်းမော့အိမ်မှာနေတာ ရက်အတော်ကြာသွားပြီ။ ပြီးတော့ သူမက ထန်းမော့ရဲ့ နေ့စဥ်ဘဝကိုလဲ အနီးကပ်စောင့်ကြည့်ထားတယ်လေ။ အဲ့ကျမှ သူမသိသွားတယ်။ တစ်ကယ်တော့ ထန်းမော့ သူ့ရဲ့နေ့စဥ်ဘဝမှာ အတော်လေး ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်လုပ်တယ် ဆိုတာကိုပေါ့။

စာအုပ်စင်ရဲ့ မြင့်တဲ့နေရာမှာရှိတဲ့ စာအုပ်တွေကလွဲလို့ ထန်းမော့က အကုန်လုံးနီးပါးကို ကိုယ်တိုင်လုပ်နိုင်တယ်။ ရေချိုးတာ၊ အိပ်တာ၊ ပြီးတော့ အဝတ်အစားလဲတာတွေပေါ့။ ဒါပေမဲ့လဲ ဦးလေးချန်က ချောင်လန့်ကို ရှောင်ရမဲ့ အရာတွေကို အများကြီးထပ်ရှင်းပြခဲ့သေးတယ်။ သူ မစားနိုင်တဲ့ အစားအသောက်တွေ၊ အိပ်ယာမဝင်ခင် ထန်းမော့အခန်းထဲက ပြတင်းပေါက်တွေကို စစ်ဆေးရမယ်ဆိုတာတွေကိုပေါ့။ ထန်းမော့က ညမှာတိုက်တဲ့လေစိမ်းတွေကို မခံနိုင်ဘူးလို့လဲ သူက သတိပေးခဲ့သေးတယ်။ ပြီးတော့ ထန်းမော့က ညဆိုရင် မီးဖွင့်ထားလို့မရဘူးတဲ့။

ချောင်လန်က စာအုပ်သေးသေးလေးတစ်အုပ်ကို ယူလိုက်ပြီး ဦးလေးချန်ပြောသမျှကို ချရေးထားလိုက်တယ်။ ထန်းမော့က အခန်းထဲမှာ ထိုင်နေပေမဲ့ ဦးလေးချန် ချောင်လန့်ကိုပြောသမျှ အကုန်လုံးကို ကြားနေခဲ့တယ်။ သူ စိတ်လှုပ်ရှားလာပြီး စာအုပ်ပေါ်မှာ စက်ဝိုင်းတွေ ဆွဲနေပြန်တယ်။

သူက ချောင်လန်နဲ့ တစ်စားပွဲထဲ တူတူထိုင်လာတာ နှစ်ဝက်ကျော်ပြီဆိုပေမဲ့ ချောင်လန် သူ့အိမ်ကို လာတော့ သူက အခုထိ စိတ်လှုပ်ရှားနေသေးတယ်။ ရက်အနည်းငယ်ကြာတော့မှ ထန်းမော့ နောက်ဆုံး နည်းနည်း နေသားကျသွားတာ။ ဒါပေမဲ့ အခု ဦးလေးချန်က ထွက်သွားမယ်တဲ့လေ။ အဲ့တာဆို ဒီအိမ်ကြီးမှာ သူနဲ့ ချောင်လန်နဲ့ ၂ယောက်ထဲပဲ ကျန်ခဲ့မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။ အဲ့တာကြောင့် ထန်းမော့က ထပ်ပြီး စိတ်လှုပ်ရှားလာပြန်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now