အပိုင်း(၁၃၅)

3K 507 18
                                    

Unicode

သူမပြန်ရောက်လာတော့ ည၉နာရီရှိသွားပြီ။

ထန်းမော့က သူ့ရဲ့ချစ်သူကောင်မလေးပို့ထားတဲ့ " ငါရောက်ပြီ " ဆိုတဲ့ မက်ဆေ့လေးကို ကြည့်လိုက်တယ်။ ပြီးတော့ သူက အဲ့ညမှာ လက်ဝှေ့ထိုးလေ့ကျင့်တော့ အားတွေအများကြီးပဲ ရှိလာခဲ့တယ်။

ညသူပြန်ရောက်တော့ နောက်ဆုံး ချောင်လန့်ရဲ့ wechat မက်ဆေ့တစ်စောင် ထပ်ရလိုက်တယ်။

ချောင်လန်က အသံမက်ဆေ့ကို အရှည်ကြီး ပြောထားတယ်။

ကောင်မလေးရဲ့ အသံက ပေါ့ပါးပြီး နားထောင်လို့ကောင်းတယ်။ သူမပုံမန်စကားပြောသလိုပဲ သူမက တစ်ခုပြီးတစ်ခု ဘာတွေလုပ်ခဲ့လဲဆိုတာကို အသေးစိတ်ရှင်းပြခဲ့တယ်။ နောက်ဆုံးကျမှ နူးညံ့ညင်သာစွာနဲ့ " Good night " ဆိုပြီး ပြောလိုက်တယ်။

ထန်းမော့က အဲ့အသံလေးကို ၃ခါလောက်နားထောင်ပြီးသွားတော့ တစ်ညနေလုံး မကြည်ခဲ့တဲ့ စိတ်က ချက်ချင်းကိုပဲ ပြန်ကောင်းသွားခဲ့တယ်။

နောက်တစ်နေ့ မနက်အစောမှာ ပိုင်ယွီက မှန်ရှေ့မှာရပ်ပြီး ဆံပင်ကို၃မိနစ်တစ်ခါလောက် ပြောင်းစည်းနေတဲ့ ချောင်လန့်ကို ကြည့်နေခဲ့တယ်။ " နင်က ဒီနေ့ ဘယ်လိုလုပ် ခေါင်းကို ဒီလောက်ကြာအောင် ဖြီးနေရတာလဲ။ "

ချောင်လန်က မှန်ထဲကို ကြည့်နေတယ်။ ပြီးတော့မှ အနောက်ကိုလှည့်လိုက်ပြီး ပိုင်ယွီ့ကို မေးလိုက်တယ်။ " ဆံပင်ကို မြင့်မြင့်စည်းတာကကြည့်လို့ကောင်းလား၊ ဒါမှမဟုတ် နိမ်နိမ့်လေးစည်းတာက ကြည့်လို့ကောင်းလား။ "

ပိုင်ယွီ : " ........ "

" နင့်ရုပ်ရည်အတွက်ဆိုရင်တော့ ခေါင်းအပြောင်က ပိုကြည့်ကောင်းတယ်။ "

" အိုး " ချောင်လန်က မှန်ထဲကို ပြန်ကြည့်လိုက်ပြီး ခဏကြာတော့ ထပ်မေးပြန်တယ်။ " အဲ့တော့ ဘယ်တစ်ခုက ပိုကြည့်ကောင်းတာလဲ။ "

ပိုင်ယွီ : " .... နင်ဒီနေ့ ဘာဖြစ်နေတာလဲ?? "

အရင်တုန်းက နေ့တိုင်း မှန်ကို တစ်နေ့တစ်ခါတောင် ကြည့်တာမှန်ချင်မှ မှန်တဲ့လူက ဒီနေ့ကျမှ မှန်ကို ဘာလို့အကြာကြီးကြည့်နေရတာလဲ??

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now