အပိုင်း(၅၃)

5.6K 1.1K 20
                                    

Unicode

ဘာပဲပြောပြော အထက်တန်းဒုတိယနှစ်မစခင်အထိ semester တစ်ခု ကျန်သေးတယ်လေ။ အထက်တန်းဒုတိယနှစ် စပြီဆိုတာနဲ့ ကျောင်းသားကျောင်းသူတွေက ညနေခင်းပိုင်းပါ တက်ရတော့မှာ။ အဲ့တာဆို သူမ အလုပ်ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲ့တာကြောင့် အခုအချိန်ကစပြီး နောက်၂နှစ်စာအတွက် သူမတက်နိုင်သလောက် ကြိုပြင်ဆင်ထားရတော့မှာ။ ချောင်မိသားစုက သူမကို ကျောင်းဆက်ထားမလား မထားဘူးလားဆိုတာ သူမ အာမမခံနိုင်ဘူးလေ။ သူတို့က သူမကျောင်းလခပေးတာကို ရပ်ပစ်လိုက်ဖို့က ပိုများတယ်။

နှစ်သစ်ကူးနေ့မှာ မနက်ခင်း၂နာရီလောက်ထိ အလုပ်လုပ်ပြီးသွားတဲ့အချိန်မှာ နောက်ဆုံးတော့ ချောင်လန် နားချိန်ခဏလေး ရခဲ့တယ်။ ဆိုင်ပိုင်ရှင်သူဌေးမက သူမကို ကင်ထားတဲ့ စတိတ်ခ် စားဖို့ ပြောပြီး သူမကို နှစ်သစ်ကူး နှုတ်ဆက်စကားပြောသွားတယ်။ ပြီးတော့ သူမက ချောင်လန့်ကို နေ့လည်ခင်းကျမှ အလုပ်ပြန်လာဖို့ ပြောသွားတယ်။

ချောင်လန် အိမ်ပြန်ရောက်လာတော့ ချောင်မိသားစုက လူတွေအကုန်လုံး အိပ်ပျော်နေပြီ။ ပြီးတော့ အိမ်ကလဲ ရှုပ်ပွနေတာပဲ။

အတက်နိုင်ဆုံး တိတ်တိတ်လေး ကိုယ်လက်သန့်စင်ပြီးသွားတော့ သူမကိုယ်သူမ မှန်ထဲမှာ ကြည့်လိုက်တယ်။ ရေချိုးခန်းထဲက မီးအလင်းရောင်က မှိန်နေတယ်။ သူမမျက်နှာက အနည်းငယ်ပင်ပန်းနေပုံပေါက်နေတယ်။ ဒါပေမဲ့ ကြည့်ရတော့ဆိုးမနေဘူး။ ပြီးတော့ သူမလည်ပင်းက ကျောက်စိမ်းဆွဲသီးလေးက အလင်းရောင်ထဲမှာ တောက်ပနေတယ်။

ရုတ်တရက် ချောင်လန် ထန်းမော့ကို တွေးမိသွားတယ်။

အခု ထန်းမော့က ဘယ်မှာ ဘာတွေလုပ်နေမလဲဆိုတာ သူမ မသိဘူး။

ဆောင်းရာသီပိတ်ရက်က တစ်ဝက်ကျိုးသွားပြီ။ ပြီးတော့ သူမ သူ့ကို မတွေ့ရတာ ရက်အတော်ကြာသွားပြီ။

သူမဒီစာအုပ်ထဲကို ကူးပြောင်းလာပြီးကထဲက သူမရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သူမက ပုံမန်ဆို သူ့ကို မက်ဆေ့နဲ့ နှစ်သစ်ကူးဆုတောင်းစာပို့ပေးရမှာ။ ကံမကောင်းစွာနဲ့ပဲ ထန်းမော့က အမြန်ထွက်သွားခဲ့တယ်။ ပြီးတော့ သူမမှာ သူ့ကို ဆက်သွယ်စရာ နည်းလမ်းမရှိခဲ့ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now