အပိုင်း(၃၃)

6.3K 1.1K 15
                                    

Unicode
ဦးလေးချန်လဲအပြင်ကို ကြည့်လိုက်ပြီး အလိုလိုဖြေလိုက်မိတယ်။ " ဟုတ်တယ်နော်။ မိုးရွာနေတာပဲ။ အတော်သည်းတယ်နော်.... "

သူခေါင်းကို လှည့်ကြည့်လိုက်တော့ ထန်းမော့က သူ့ကိုလုံးဝကြည့်မနေဘူးဆိုတာကို သူတွေ့လိုက်ရတယ်။ အဲ့အစားသူက ခေါင်းကိုမော့ပြီး steakကို လှီးနေဆဲဖြစ်တဲ့ ချောင်လန့်ကို ကြည့်နေခဲ့တယ်။

ဦးလေးချန် : ...

ချောင်လန်ကို အသာထားလိုက်ဦး ဦးလေးချန်တောင် သတိမထားမိဘူး။ ဘာတစ်ခုမှ သတိမထားမိတဲ့ ချောင်လန့်ကို အရမ်းကို စိတ်အားတက်ကြွနေတဲ့ ဦးလေးချန်ကကြည့်လိုက်တယ်။ ခဏလောက်စောင့်ပြီးသွားတော့ ထန်းမော့က ဘာစကားမှ ထပ်မပြောတော့ဘူး။

စကားစပြောဖို့လုပ်တာ ကျရှုံးသွားတဲ့ ထန်းမော့ကို မြင်လိုက်ရတော့ ဦးလေးချန်က ဝင်ပါဖို့ ဆုံးဖြတ်လိုက်တယ်။ " မိုးက အတော်သည်းတယ်နော်။ မိန်းကလေးချောင် အိမ်ကို ဘယ်လိုပြန်မှာလဲ။ "

ဦးလေးချန်ဆီကနေ မိန်းကလေးချောင်လို့အခေါ်ခံလိုက်ရတော့ ချောင်လန်က အမြန်ပြန်ပြောလိုက်တယ်။ " ကျွန်မကို ချောင်လန်လို့ပဲ ခေါ်ရင် ရပါပြီ "

နောက်ဆုံးတော့ steak လှီးလို့ပြီးသွားခဲ့ပြီ။ သူမက ခက်ရင်းနဲ့ ဓားကို ထန်းမော့အရှေ့ပြန်ထားလိုက်ပြီး ပြောလိုက်တယ်။ " ကျွန်မ ဒီနေ့အလုပ်စောစောဆင်းမှာပါ။ အဲ့အချိန်ကျရင် တအားကြီး နောက်မကျလောက်သေးပါဘူး "

သူမ စကားပြောပြီးလို့ ထန်းမော့ကို တစ်ချက်ကြည့်လိုက်တော့ သူ့အဝတ်အစားတွေက အရမ်းပါးနေတာကို သတိထားမိသွားလိုက်တယ်။ " နင်အေးနေလား "

ချောင်လန့်ဆီကနေ ခက်ရင်းနဲ့ဓားကို ပြန်ယူပြီးတဲ့နောက် အဲ့ပစ္စည်းတွေမှာ ချောင်လန့်အပူချိန်ရှိနေသေးတာကို သူခံစားမိတယ်။ " မအေးဘူး " သူကပြောပြီး တိတ်ဆိတ်စွာပဲ steak တစ်ကိုက်စားလိုက်တယ်။

တစ်ကယ်လို့ မိုးက ဆက်ရွာနေမယ်ဆိုရင်...

သူမက အဖျားပျောက်ထားတာ သိပ်မကြာသေးဘူး။

ဦးလေးချန် အံ့ဩသွားတယ်။

ဒီနေ့ ကိစ္စတစ်ခုခုဖြစ်ခဲ့တာပဲဖြစ်ရမယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now