အပိုင်း(၂)

7.6K 1.2K 14
                                    

Unicode
ချောင်လန်ပဲဖြစ်ဖြစ် ထန်းမော့ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက အရံကာရိုက်တာတွေပဲဆိုတော့ စာအုပ်ထဲမှာ သူတို့နှစ်ယောက်အကြောင်းကို အသေးစိတ်မဖော်ပြထားဘူး။

ဒါပေမဲ့ ချောင်လန်က သူမနဲ့ နာမည်တူနေတာက တစ်ကြောင်းရယ်၊ သူမက ထန်းမော့ရဲ့ ဇာတ်ကောင်ကိုအရမ်းကြိုက်တာက တစ်ကြောင်းရယ်ကြောင့်မလို့ ချောင်လန်က ဒီလူနှစ်ယောက်ရဲ့ ဇာတ်အိမ်တွေကို ဇာတ်လိုက်တွေထက်ပိုပြီး သေသေချာချာ ဖတ်ဖြစ်တယ်။ အခု အတန်းထဲက ကျောင်းသားတွေရဲ့ ဟာသတွေက သူမရဲ့ နားထဲကို ဝင်လာတယ်။ လူတိုင်းက ထန်းမော့ကို အရူး၊ အပေါ၊စိတ်ရောဂါသည်ကြီးလို့ ခေါ်ကြတယ်။ ဝတ္ထုကို ဖတ်ရတာနဲ့ ဒီလိုမျိုးကိုယ်တိုင်တွေ့ကြုံရတာနဲ့ လုံးဝမတူညီဘူးဆိုတာကို ချောင်လန် တစ်ကယ်သိသွားပါပြီ။

သူမရဲ့ အက်ဆေးမှာ နောက်ဆုံးစာလုံးတစ်ခုရေးပြီးသွားတော့ အတန်းခေါင်းလောင်းလဲ မြည်သွားတယ်။ ချန်ယောင်းရန်၊ ချင်းယန်၊ ပြီးတော့ အပြင်ဘက်မှာဆော့နေကြတဲ့ တစ်ခြား ကောင်လေးတွေလဲ စာသင်ခန်းထဲကို ပြန်ဝင်လာကြတယ်။ ခေါင်လောင်းသံပြီးသွားတော့ အတန်းထဲကို ဆရာတစ်ယောက်ဝင်လာတယ်။ သူက ထူးထူးခြားခြား အသံမာမာနဲ့ ရှေ့ဆုံးတန်းကကျောင်းသားတွေဆီလျှောက်သွားလိုက်တယ်။

" မင်းတို့ရဲ့ စာရွက်တွေအကုန်ထုတ်ထားကြ "

သူက အဲ့လိုပြောပြီး တစ်ယောက်ချင်းစီ စစစ်တော့တယ်။

" ငါ ဘယ်နှခါလောက်ပြောရမလဲ!!! စာပိုဒ်တစ်ခုကို ဖတ်ပြီး အဖြေတွေကို ကောက်နုတ်ဖြေရတယ် ဆိုတာက မူရင်းစာပိုဒ်ထဲက စကားလုံးတွေအတိုင်းကူးချရတာမဟုတ်ဘူးလို့လေ။ ငါဒါကိုချည်း နေ့တိုင်းနေ့ပြောနေရတာ။ မင်းတို့က ဒီအမှားမျိုးကိုပဲ ထပ်လုပ်နေတုန်းပဲ။ အက်ဆေးတစ်ခုကို ဒီလောက်နဲနဲလေး ဘယ်သူက ရေးလို့တုန်း။ မင်းက ငါ့အတွက်စာသင်နေတာလား၊ ဒါမှမဟုတ် မင်းအတွက် မင်း စာသင်နေရတာလား။ "

လောင်လျှိုက assignment တွေကို ဆက်စစ်တယ်။ ပြီးတော့ ဒီနေရာ ဟိုနေရာမှာ မှတ်ချက်တွေပေးနေတယ်။

စိတ်ထဲကနေကျိန်ဆဲရင်းနဲ့ပဲ ချင်းယန်က သူ့ရဲ့ စားပွဲပေါ်က သူ့ရဲ့စာရွက်လေးကို ကောက်ယူပြီး တစ်ချက်ကြည့်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်حيث تعيش القصص. اكتشف الآن