အပိုင်း(၁၀၀)

4.2K 717 10
                                    

Unicode

ချောင်လန်က ထွက်သွားတဲ့ လော့ညန်ကို ကြည့်လိုက်တယ်။ သူမမျက်လုံးတွေက မြူမှုန်တွေနဲ့ ပြည့်နေသလိုပဲ ဝါးနေတယ်။

အခု သူမက လော့ညန်ရော ချောင်မိသားစုကိုရော ၂ခုလုံးကို တိုက်ခိုက်နေရတာ။ ဒီတစ်ခေါက် သူတို့က အရမ်းလွန်လွန်းသွားပြီ။ လော့ညန်က ဓားပြလိုလို ဘာလိုလိုလာ လုပ်နေတယ်။ ချောင်မိသားစုကကျတော့ လူကုန်ကူးတဲ့သူတွေကျနေတာပဲ။ အရမ်းရွံစရာကောင်းတယ်။

သူမတောင်မသိလိုက်ဘဲ ခုနကလူဆွဲသွားတဲ့ လက်ပေါ်က နေရာကို ပွတ်လိုက်တယ်။ အရမ်းနာတာပဲ။ နီတောင်နီရဲသွားပြီ။

ထန်းမော့က ရုတ်တရက်ကြီး ဒီမှာပေါ်လာတာကို တွေ့လိုက်ရတော့ ချောင်လန်က အံ့ဩသွားတယ်။ ဒါပေမဲ့ အဲ့အံ့အားသင့်မှုက ချက်ချင်းကိုပဲ စိုးရိမ်ပူပန်မှု အဖြစ်ကိုပြောင်းသွားတယ်။ သူမက အမြန်ပြေးသွားလိုက်ပြီး သူဘာလို့ ဒီရောက်နေတာလဲလို့ မေးလိုက်တယ်။ ဒါပေမဲ့ သူမခေါင်းကိုငုံ့လိုက်တော့ ထန်းမော့မျက်နှာက အရမ်းဆိုးဝါးနေတာကို တွေ့လိုက်ရတယ်။

ထန်းမော့က နောက်ဆုံးတော့ သူ့ကိုယ်သူထိန်းလိုက်ပြီး ချောင်လန့်ကို တည့်တည့်ကြည့်လိုက်တယ်။ သူမလက်ကို ပွတ်နေတာကိုတွေ့လိုက်တော့ သူ့လက်က သူ့ဦးနှောက်ကစဥ်းစားနေတာထက်တောင် မြန်သေးတယ်။ သူက ချောင်လန့်က လက်ကောက်ဝတ်ကို ဆွဲပြီးနေပြီလေ။

" သူက ဘယ်သူလဲ "

ချောင်လန်က သူမလက်မောင်းပေါ်က ထန်းမော့ရဲ့အားနဲ့ကိုင်ထားတဲ့လက်ကို ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမလက်ကို ဆွဲမထုတ်ခဲ့ဘူး။

" သူက ငါ့မိဘတွေ ရှာထားတဲ့ သမက်လောင်းကြီးပေါ့ "

ပိုင်ယွီလဲ လန့်သွားခဲ့တယ်။ သူမက အစတုန်းကတော့ ချောင်လန်နဲ့ အိမ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူသွားချင်ခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်စွာနဲ့ပဲ ဒီလိုအဖြစ်အပျက်နဲ့ လာကြုံနေရတယ်။

အခုခေတ်မှာ လူတစ်ချို့က ကျောင်းပေါက်ဝမှာတင်ကို တစ်ယောက်ယောက်ကို ဒီလို ပေါ်တင်ကြီးကို အတင်းကြီး လာပြီး ပြန်ပေးဆွဲသေးဦးမယ်လို့ သူမတစ်ကယ် မထင်ခဲ့ဘူးလေ။ ပုံမန်ဆို ချောင်လန်က သူမမိသားစုအခြေအနေအကြောင်းကို ထုတ်ပြောလေ့မရှိဘူး။ အဲ့တော့ ဟိုနားဒီနားသဲလွန်စလေးတွေကနေပြီးတော့ ချောင်လန်က သူမမိသားစုနဲ့ သိပ်ပြီးမရင်းနီးဘူးဆိုတာ ပိုင်ယွီသိနိုင်တယ်။ ဒါပေမဲ့ ဒီလိုမျိုးကြီးလို့တော့ သူမဘယ်တုန်းကမှ မထင်ထားခဲ့တာပါ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now