အပိုင်း(၄၅)

6.1K 1.1K 16
                                    

Unicode
အထက်တန်းသင်တဲ့ ဆရာက မူလတန်းကျောင်းသားကို သင်္ချာသင်ပေးသလိုပေါ့။ ပုစ္ဆာက မသိကိန်းတစ်လုံး ထည့်လိုက်တာနဲ့တင်ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ မူလတန်းကျောင်းသားက မသိကိန်းဆိုတာ ဘာလဲ မသိဘူးလေ။ အဲ့တော့ စဖို့တောင်လုံးဝမဖြစ်နိုင်တော့တာပေါ့။ အခုလဲ အဲ့လိုပဲ ဖြစ်နေတယ်။

သူတို့ ဒီတိုင်းရှေ့ဆက်လို့မရတော့ဘူး။

ထန်းမော့က ဘယ်လောက်ပဲ ထူတယ်ပြောပြော ဒါက သူ့ကိုယ်ပိုင်ပြဿနာမှန်းသူသိနေတယ်။ သူက မရှင်းပြတက်ဘူးလေ။ သူ မလုပ်နိုင်တာကြောင့် ရုတ်တရက်ကြီး အရမ်းကို စိုးရိမ်ပူပန်လာတော့တယ်။ သူ့ကိုယ်သူ မကျေမနပ်တွေဖြစ်လာတယ်။ ချောင်လန်က သူ့ကို စိတ်ပျက်သွားမှာ စိုးရိမ်နေတယ်။ အဲ့တာနဲ့ စိတ်ခံစားချက်ပေါင်းစုံက သူ့စိတ်ထဲမှာ ပေါ်လာတော့တယ်။

သူ့ ခံစားချက်တွေက ထပ်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့တယ်။

" စကားမပြောနဲ့တော့ " သူက စိတ်တိုတိုနဲ့ ဘောပင်ကို လွှင့်ပစ်လိုက်တယ်။ မှုန်သုန်နေတဲ့ မျက်နှာကြီးနဲ့ wheelchair ပေါ်မှာ မလှုပ်မယှက် ထိုင်နေတယ်။ သူဘာတွေးနေတာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

ချောင်လန် : ... ဒါက ဘာဖြစ်သွားတာလဲ။

ဒီလိုဖြစ်လာမယ်မှန်း သူမက ထင်မထားခဲ့ဘူး။ သူမက တိုက်ပွဲတောင်မစရသေးခင်မှာပဲ ရှုံးနေပြီ။

သူမ ထန်းမော့ကို စကားပြောကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ထန်းမော့က စိတ်ညစ်နေတာကြောင့် silent mode ကို ပြန်ရောက်သွားပြီ။ ချောင်လန်က ဘာလုပ်ရမယ်မှန်းမသိတော့ဘူး။ နောက်ခဏထပ်ကြာသွားတော့လဲ ဘာလုပ်ရမယ်မှန်း မသိသေးဘူး။ အဲ့တာနဲ့ သူမ သန့်စင်ခန်းကို သွားလိုက်တယ်။

သူမ နောက်လှည့်ပြီး ထွက်သွားတာကို ကြည့်ပြီး ထန်းမော့က ထပ်ပြီး တုန်လှုပ်သွားတယ်။ သူက တစ်ခုခုပြောမလို့ လုပ်လိုက်တဲ့အချိန်မှာ သူ့နားက ကောင်လေးတစ်ယောက် ပြောလိုက်တာကို ကြားလိုက်ရတယ်။ " ယောင်းရန် ငါကတော့ မင်းနဲ့ ချောင်လန်တို့က တစ်ကယ့်ကို တူတယ်လို့ ထင်တာပဲ။ ကြည့်လေ စာမေးပွဲရဲ့ စုစုပေါင်းပေးမှတ်က ၁၂၀၀လေ။ အဲ့မှာမှ မင်းတို၂ယောက်က အမှတ်ပေါင်း တူတူရတာလေကွာ...... "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now