အပိုင်း(၈၆)

4.4K 804 20
                                    

Unicode
ပိုင်ယွီက ကြည့်လိုက်ရင်သာ လွတ်လွတ်လပ်လပ်နေတက်တဲ့ ပုံပေါ်တာ။ ဒါပေမဲ့ တစ်ကယ်တမ်း သူမက ဂရုစိုက်တက်တဲ့ ကောင်မလေးပါ။ ချောင်လန့်အသံတိမ်ဝင်သွားတာကို သတိထားလိုက်မိတော့ သူမက ဒီနေ့မနက်တုန်းက ချောင်လန် ထန်းမော့ကိုခေါ်လာခဲ့တဲ့ မြင်ကွင်းကို သတိရသွားတယ်။ အကြာကြီး တွေဝေနေပြီးတော့မှ သူမက မနေနိုင်ပဲ ပြောချလိုက်တယ်။ " လန်လန် ငါတစ်ကယ် သိချင်လို့နော်။ နင်ဘာလို့ ထန်းမော့အပေါ် အရမ်းကောင်းနေရတာလဲ။ "

သာမန်အချိန်တွေဆိုပြောမနေနဲ့တော့ မနက်က သူတို့ကစားတုန်းက ကြည့်လေ။ ထန်းမော့အပေါ် ချောင်လန့်ရဲ့ အပြုအမူတွေက အရမ်းကို ရင်းနီးလွန်းနေတယ်။ သူမ သူ့ကိုဂရုစိုက်တာက ပိုင်ယွီသူမမောင်လေးကို ဂရုစိုက်တာထက်ပိုပြီးတော့တောင် တိကျသေသပ်သေးတယ်။

ထန်းမော့က သနားစရာကောင်းလွန်းလို့ အဲ့တာကြောင့် သူမက မမြင်ရက်လို့ ဆိုရင်တောင် ဒီလောက်ထိ လုပ်ပေးစရာ မလိုဘူးလေ။ တစ်ကယ်လို့ ထန်းမော့ကသာ ပုံမန်လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ချောင်လန်နဲ့ ထန်းမော့ကြားက ဆက်ဆံရေးကို ပိုင်ယွီက သေချာပေါက် သံသယဖြစ်မိမှာပဲ။

" ငါက ထန်းမော့အပေါ် ကောင်းတယ်လို့ နင်ထင်တာလား " ချောင်လန်က မမျှော်လင့်စွာပဲ ပိုင်ယွီကို မေးလိုက်တယ်။

ပိုင်ယွီဘာမှတောင် ပြန်မပြောရသေးခင်မှာပဲ ချောင်လန်က ဆက်ပြောလိုက်တယ်။ " ဒါပေမဲ့ သူ ငါ့အပေါ် ဘယ်လောက်ကောင်းခဲ့တာနဲ့ ယှဥ်ရင်တော့ ငါလုပ်ပေးတာတွေက အသေးအမွှားပဲ ရှိပါတယ်ဟာ။ "

အသေးအမွှား......

ပိုင်ယွီ ကြောင်သွားတယ်။ သူမချောင်လန့်ကို မေးခွန်းတစ်ခုထပ်မေးဖို့အတွက် အချိန်နည်းနည်းလောက်ကြာသွားတယ်။ " ထန်းမော့....... သူကဘာလုပ်ပေးခဲ့လို့လဲ။ "

ချောင်လန်က ဒီလိုစကားတွေပြောရအောင်အထိ ထန်းမော့က ဘာတွေများလုပ်ပေးခဲ့တာလဲ။

ချောင်လန်ခဏလောက် စဥ်းစားလိုက်တယ်။ သူမကို ပိုက်ဆံကူရှာပေးတယ်၊ သူမကို ခရစ်စမတ်လက်ဆောင်ပေးတယ်၊ တမင်သက်သက်စာမေးပွဲကို မဖြေပဲ သူမကို ပညာသင်ဆုရအောင် လုပ်ပေးတယ်၊ နေ့တိုင်းနေ့ သူမကို စာပြန်သင်ပြတယ်၊ သူမဘယ်မှသွားစရာမရှိတဲ့ အချိန်မှာ သူမနားမှာပေါ်လာပြီး သူမကို ခေါ်သွားပေးတယ်၊ ပြီးတော့ သူမကို ရင်ထဲနှလုံးထဲကနေ ယုံကြည်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now