အပိုင်း(၁၃၃)

3.4K 601 13
                                    

Unicode

ချောင်လန်က ရှားရှားပါးပါး ထန်းမော့နဲ့ အတွေးမတူခဲ့ဘူး။ ထန်းမော့က အိမ်ကို တန်းမပြန်ချင်နေဘူး။ ဘာလို့လဲဆိုတော့ သူအိမ်ရောက်ရင် နောက်ထပ်လူ၂ယောက်ထပ်တိုးလာဦးမှာမလို့လေ။ ဒါပေမဲ့ ချောင်လန်ကတော့ တစ်ကယ့်ကို ချက်ချင်းပြန်ချင်နေတယ်။ ဒီလိုနှင်းတွေကျတဲ့ညမှာ လက်ချင်းတွဲပြီး လမ်းလျှောက်ရတာက ရိုမန့်တစ်ဆန်တယ်ဆိုပေမဲ့ ရာသီဥတုက အရမ်းအေးလွန်းတယ်လေ။

ချောင်လန်က သူမခဲတောင်ခဲတော့မယ်လို့ ခံစားနေရတယ်။

နောက်ဆုံးတော့ သူတို့က အိမ်တံခါးပေါက်ကို ရောက်ခဲ့ပြီ။ ချောင်လန်က ထန်းမော့လက်ကို ကိုင်ရင်းနဲ့ပဲ အိမ်ထဲကို ပြေးဝင်သွားမတက်ဘဲ အလျင်လိုနေခဲ့တယ်။

သူမက မီးကိုအမြန်ဖွင့်လိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်။ တံခါးလဲပွင့်သွားရော ထန်းမော့က ရုတ်တရက်ကြီး သူမကိုလှမ်းခေါ်လိုက်တာကို ကြားလိုက်ရတယ်။ ချောင်လန်က ထန်းမော့ကို အိမ်ထဲကို ဆွဲခေါ်သွားတယ်။ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ အနွေးဓာတ်လေးကို ရပြီးသွားတော့မှ သူမက သက်ပြင်းချလိုက်ပြီး အနောက်ကိုလှည့်ကာ မေးလိုက်တယ်။ " ဘာဖြစ်လို့လဲ "

သူက ပါးစပ်ဖွင့်ပြီး တစ်ခုခုပြောမလို့လုပ်လိုက်တဲ့အချိန်မှာပဲ သူတို့လာတဲ့အသံကိုကြားလို့ အမြန်ထွက်လာတဲ့ အန်တီချန့်ကို တွေ့လိုက်ရတယ်။

ထန်းမော့ : " ........ "

ချက်ချင်းပဲ မျက်နှာသေကြီးပြန်ဖြစ်သွားတော့တယ်။

" ဘာမှမဟုတ်ပါဘူး " ထန်းမော့က ခေါင်းကိုငုံ့လိုက်ပြီး သူ့ဖိနပ်ကိုပဲ ပြန်လဲနေလိုက်တော့တယ်။

ဒီတိုင်း အခန်းထဲမဝင်ခင် တစ်ခါလောက်အနမ်းပေးချင်လို့ပါ။

အဆုံးမှာတော့ ချောင်လန်က သူ့ရင်ထဲက အသံကို မကြားခဲ့ဘူးပေါ့။

ချောင်လန်က ထန်းမော့ကို ကြည့်လိုက်တော့ ထန်းမော့က အရမ်းကို ခံပြင်းနေပါတယ် ဆိုတဲ့စာလုံးကို မျက်နှာမှာ ကပ်ထားတဲ့အတိုင်းပဲ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ သူမလဲကြောင်သွားတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now