အပိုင်း(၁၄)

6.3K 1K 15
                                    

Unicode
ထန်းမော့ရဲ့ ဆံပင်တွေက အရမ်းရှည်နေပြီ။ မျက်လုံးနဲ့ မျက်ခုံးတွေကို အကုန်ဖုံးအုပ်ထားတယ်။ သူ့ကိုကြည့်ရတာ မှုန်ကုပ်ကုပ်နဲ့ အေးတိအေးစက်ကြီး။ အတန်းထဲက တစ်ခြားသူမပြောနဲ့ သူမတောင် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို သေချာမမြင်ရဘူး။ တစ်ခါတုန်းက သူမ သူ့မျက်လုံးကို စိုက်ပြီးကြည့်လိုက်မိတော့ ထန်းမော့မျက်လုံးအရောင်က အညိုရောင် ဖျော့ဖျော့​လေးဖြစ်နေတာကို သူမတွေ့လိုက် မိတယ်။

သူကလဲ ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲ။

နောက်တစ်နေ့ဖြေရမယ့်ဘာသာတွေကတော့ ချောင်လန် ပိုင်တဲ့ ဘာသာရပ်တွေပဲဖြစ်တယ်။ မနေ့က chemistry တို့ physics တို့နဲ့ ယှဥ်ရင် ချောင်လန်က အခု အများကြီးပိုပြီး စိတ်သက်သာရာရနေတယ်။ ဒီဘာသာရပ်တွေမှာ အမှတ်ကောင်းကောင်းရဖို့ ချောင်လန်က နည်းနည်းလေးအားစိုက်ထုတ်ဖို့ပဲလိုတယ်။

သူမအရင်တုန်းက အရမ်းစိုးရိမ်နေခဲ့ရတဲ့ physics တောင် သူမ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ခံစားရတယ်။ ဒီတစ်ခါတော့ သူမရဲ့ စုစုပေါင်းရလဒ်ကို နည်းနည်းမျှော်လင့်ထားလို့ရပြီဆိုတာ သူမအနေနဲ့ သေချာသွားပြီ။

သူအိမ်ပြန်လာတော့ လမ်းမှာ ချောင်လုနဲ့တွေ့ခဲ့တယ်။ ချောင်လုက သူမဘေးက ကောင်မလေးအချို့နဲ့ စကားပြောနေတာ။ သူမက ချောင်လန်ကို တွေ့တော့ မေးကို မြင့်နေအောင် မြှောက်ထားလိုက်ပြီး သူမနဲ့စကားပြောရမှာပဲ မတူသလိုလိုမတန်သလိုလို ကြည့်နေတယ်။ သူမကခေါင်းကို လှည့်လိုက်ပြီး သူမဘေးက ကောင်မလေးတစ်ချို့နဲ့ပဲ ဆက်ပြီး ပြောနေလိုက်တယ်။

" နင် ပထဝီက နောက်ဆုံး Multiple choice ကို ဘာရွေးခဲ့လဲ။ "

" ငါ C ကို ရွေးခဲ့တာ "

" ငါက D ကိုရွေးခဲ့တာ။ C က မှားတယ်။ ဆရာက အရင်တုန်းက အဲ့မေးခွန်းအကြောင်းမပြောဖူးပေမဲ့လို့ ...... ငါအာမခံနိုင်တယ် ဒီမေးခွန်းရဲ့အဖြေက သေချာပေါက် Dပဲ။ "

ချောင်လုက အတည်ပေါက်ကြီးပြောနေတော့ သူမဘေးက ကောင်မလေး၂ယောက်လဲ နောင်တတွေရပြီး သက်ပြင်းတွေချကုန်ကြတယ်။ ချောင်လန်က ပထဝီက နောက်ဆုံး မေးခွန်းကို စဥ်းစားလိုက်တော့ အဖြေက သေချာပေါက် Cပါဟ။ ဘယ်နားက D က ရောက်ချလာရတာလဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now