အပိုင်း(၁၃၉)

2.8K 479 11
                                    

Unicode

လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လူ၂ယောက်ပျောက်နေတာကိုတွေ့လို့ ၁၀မိနစ်လောက် လိုက်ရှာနေရတဲ့ အတန်းပိုင်ဆရာ : " ........ "

ဘယ်အချိန်များ မင်းတို့က စကားမပြောဘဲနေလို့လဲ။ ဘယ်နေရာမှာများ စကားမပြောနိုင်လို့လဲ။ ဒီလိုကျောင်းဆောင်၂ခုကြားက ငှက်တောင်လာပြီး ချီးမပါတဲ့ နေရာကိုလာပြီး စကားပြောဖို့လိုလို့လား။ ပြီးတော့ စကားပြောစရာရှိတာ ကျောင်းဆင်းတဲ့အထိမစောင့်နိုင်ဘူးလား။ အခုအချိန်ကြီးမှာ လာပြောရတယ်လို့။

အတန်းပိုင်ဆရာက ပိုပြီးတော့တောင် ဒေါသထွက်လာတယ်။

သူက ဒီ၂ယောက်လုပ်သမျှကို မျက်စိတစ်ဖက်မှိတ်ထားပေးပြီး ဘာပဲဖြစ်ဖြစ် လွှတ်ပေးခဲ့တယ်။ ဘာပဲပြောပြော ဒီ၂ယောက်က အမှတ်တွေမကျနေခဲ့ဘူးလေ။ ဒါပေမဲ့ ဒီနေ့အပြုအမူကတော့ တစ်ကယ်လို့ လွန်လွန်းသွားပြီ။ သူက စာသင်လာတာ ဆယ်စုနှစ်ကျော်နေပြီ။ ဒါပေမဲ့ ဒီလောက် သတ္တိနဲ့ ရည်းစားထားရဲတဲ့လူကိုတော့ မမြင်ဖူးပါဘူး။

တော်သေးတာပေါ့ တွေ့တဲ့လူက သူဖြစ်နေလို့။ တစ်ကယ်လို့ ဒါကို ကျောင်းအုပ်ဆရာကြီးကသာ တွေ့သွားမယ်ဆိုရင် သူ့ကို အားလုံးရှေ့ခေါ်ပြီး ဆူတော့မှာလေ။

ဒီကိစ္စကို ဒီတိုင်းထားလို့ မဖြစ်တော့ဘူး။ သေသေချာချာ စီမံမှ ဖြစ်တော့မယ်။

မင်းတို့ မိသားစုချင်း ကတောင် သိပြီး အဆင်ပြေနေတယ်ဆိုရင်တောင်၊ မင်းတို့ တစ်တန်းလုံးမှာ အဆင့်၁နဲ့ ၂ရနေတယ်ဆိုရင်တောင် ဒါကိုဖြေရှင်းရဦးမှာပဲ။ တစ်ကယ်လို့ တစ်ခုခုဖြစ်သွားရင် သူတို့ကို သင်ကြားပေးတဲ့နေရာမှာ ကျရှုံးသွားခဲ့ရင် ဘယ်သူက တာဝန်ယူရမှာလဲ။

အဲ့တာကြောင့် အတန်းပိုင်ဆရာက ချောင်လန်နဲ့ထန်းမော့တို့ကို ဒေါသတကြီးနဲ့ ခေါ်လာခဲံပြီး အတန်းထဲကနေ နောက်တစ်ခါပြန်ခေါ်ထုတ်သွားတာကို အခန်း၁၈က ကျောင်းသူကျောင်းသားတွေ အကုန်လုံးမြင်လိုက်ကြတယ်။ သူတို့က တရုတ်စာအတန်းချိန်တစ်ချိန်လုံး ပျောက်သွားခဲ့တယ်။ အတန်းပြီးသွားတာတောင် ပြန်ပေါ်မလာခဲ့ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now