အပိုင်း(၁၃၈)

2.6K 465 24
                                    

Unicode

သူတို့၂ယောက်က အရမ်းကို အိမ်မက်ဆန်စွာပဲ စတင်ခဲ့ကြတာလေ။ ဘာလို့လဲဆိုတော့ သူကအရင် မထိန်းနိုင်ဘဲ စပြီးနမ်းမိလို့ ကိစ္စတွေက ထိန်းချုပ်လို့မရအောင်ဖြစ်သွားခဲ့တာလေ။ ပြီးတော့ သူတို့က တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောခဲ့ကြဘူး။ သူကလဲ ချောင်လန့်ကို သဘောကျတယ်လို့ မပြောခဲ့ဘူး။ ချောင်လန်ကလဲ သူမက ဘာကြောင့် သူ့ကိုပြန်နမ်းရတာလဲဆိုတာကိုလဲ မပြောပြခဲ့ဘူး။ သူမက သူနဲ့အတူရှိနေတာကလဲ ဒီတိုင်း သဘာဝကျကျပဲ ဖြစ်လာခဲ့တာ။ တစ်ခါတစ်လေကျ သူတွေးမိတယ်။ ချောင်လန်က သူနဲ့တွဲတာက သူမကခဏလောက်စိတ်ရှုပ်ထွေးသွားလို့ ပြီးတော့ ဘာကိုမှ သေသေချာချာ မစဥ်းစားခဲ့လို့ လို့ထင်မိတယ်။ ပြီးတော့ နောက်ဆုံး သူမအရာအားလုံးကို ရှင်းရှင်းလင်းလင်း စဥ်းစားသွားမိတဲ့အချိန်က သူတို့၂ယောက် ကွဲကွာရမဲ့ အချိန်ပဲ။

အဲ့တာကြောင့်မလို့ ထန်းမော့က ချောင်လန့်ကို အမြဲအခုလိုပဲ စိတ်ရှုပ်နေစေချင်တယ်။ ဘာကြောင့်လဲဆိုတာတော့ သူ့ကိုလာမမေးနဲ့။

သူက ပထမဆုံးစပြီး ရည်းစားဖြစ်တုန်း အဲ့လိုမျိုးပဲ တွေးနေ မျှော်လင့်နေခဲ့တာ။ သူမက စိတ်ရှုပ်ထွေးနေတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဲ့တာတွေက အရေးမကြီးဘူး၊ သူတို့၂ယောက်သာ အတူတူရှိနေရမယ်ဆိုရင်ပေါ့။

ဒါပေမဲ့ ရက်အနည်းငယ်လောက်လဲ ကြာသွားရော သူက အဲ့လောက်နဲ့ မကျေနပ်နိုင်တော့ဘူး။ သူက ရဲတင်းလာပြီး သူမကို ဘာလို့ဆိုတဲ့ မေးခွန်းတွေကို မေးချင်လာတယ်။

ထန်းမော့ မင်းမကြောက်ဘူးလား?? သူ့ကိုယ်သူ ဒီလိုမျိုးမေးနေခဲ့တယ်။ မင်းက ဘာလို့မေးချင်နေရတာလဲ။ ဒီတိုင်းပဲ ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေလို့ မရဘူးလား။ မင်းက သူမနဲ့ အတူရှိပြီးတာတောင် ဘာလို့ မကျေနပ်နိုင်သေးရတာလဲ။ အဲ့ဒီ့ ဘာလို့ဆိုတဲ့ အရာတွေက အဲ့လောက် အရေးကြီးနေလို့လား။

လက်စသတ်တော့ အဲ့တာတွေက အမြဲအရေးကြီးနေခဲ့တာပါပဲ။

အချစ်မှာ လူတိုင်းက ဘာလို့ဆိုတဲ့ မေးခွန်းတွေကို မေးရတာကို ကြိုက်ကြတယ်။ တစ်ဖက်လူရဲ့ သည်းခံနိုင်စွမ်း အတိုင်းအတာကို သိချင်ကြတယ်။ တစ်ခါတစ်လေကျ ပြန်ရလာမဲ့ အဖြေက သိပ်မကောင်းဘူးဆိုရင်တောင် သေချာတဲ့ မေးခွန်းတစ်ခုကို အမြဲမေးချင်နေကြတာပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now