အပိုင်း(၉၈)

3.8K 683 11
                                    

Unicode
မျက်စိတစ်မှိတ်အတွင်းမှာပဲ သောကြာနေ့ကို ရောက်လာခဲ့တယ်။ ချောင်လန်က ထန်းမော့ကို အိမ်မှာရှိလားလို့ မက်ဆေ့လှမ်းပို့လိုက်တယ်။ ပြီးတော့ တစ်ကယ်လို့ သူအိမ်မှာရှိရင် သူမဝင်လာခဲ့မယ်လို့ပေါ့။

ခဏကြာတော့ ထန်းမော့က သူကအပြင်မှာလို့ reply ပြန်လာတယ်။ ပြီးတော့ ချောင်လန့်ကို စောင့်နေဖို့ ပြောလိုက်တယ်။ သူနဲ့ဦးလေးချန်နဲ့က လုပ်စရာလေးရှိလို့တဲ့။ ပြီးတော့ ကိစ္စပြီးသွားရင် သူမကို လာခေါ်လိုက်မယ်လို့ ပြောတယ်။

၂စက္ကန့်လောက်စဥ်းစားပြီးသွားတော့ ချောင်လန်က 'ရတယ်လေ' လို့ ပြောလိုက်တယ်။

ခဏလောက်ကြာတော့ သူမအရင်တစ်ခေါက်ဦးလေးချန်ကားထဲကနေ ဆင်းလာပြီးတော့ ကျောင်းမှာ ပျံ့သွားတဲ့ မဟုတ်ကဟုတ်က ကောလဟာလ မျိုးစုံကို သူမသတိရသွားတယ်။

တစ်ကယ်တော့ ချောင်လန်က အဲ့ဟာတွေက သူမအပေါ်တအားကြီး လွှမ်းမိုးမှုရှိတယ်လို့ မခံစားရပါဘူး။ သူမအတန်းဖော်တွေက အရမ်းကောင်းတယ်လေ။ စိတ်မှန်လိုက်မမှန်လိုက်ဖြစ်နေတဲ့ ရှန်းရှောင်ဟန်ကလွဲလို့ ဘယ်သူမှ ဘာမှမပြောခဲ့ကြဘူး။ ပြီးတော့ အခန်းအပြင်က အခြေအနေကို သေသေချာချာရေရေရာရာမသိဘဲ လျှောက်ပြောနေကြတဲ့သူတွေကိုလဲ သူမကသိပ်မသိဘူးလေ။ သူတို့က ဒီတိုင်းမကောင်းတဲ့အတွေးတွေရှိနေတာလေ။

ချောင်လန်ဒါကို ပထမဆုံးစသိတော့ သူမက ညတစ်ညလုံးဒေါသထွက်လွန်းလို့ စာတောင်သိပ်မလုပ်နိုင်ဘဲ ဒေါသတွေနဲ့အိပ်သွားခဲ့ရတာလေ။

သူတို့တွေ သူမကိုဘယ်လောက်ပဲ ပုတ်ခတ်ပုတ်ခတ်၊ သူမအကြောင်းကို ဘယ်လောက်ပဲ အတင်းပြောပြော သူမက အရင်လိုပဲ စာမေးပွဲမှာ အမှတ်ကောင်းနေတုန်းပဲ။ ပြီးတော့ သူမက အရင်လိုပဲ ကြည့်ကောင်းနေတုန်း လှနေတုန်းပဲလေ။ သူမက အဲ့တာကို မနာလိုလို့ဆိုပြီး မှတ်ယူလိုက်လို့ရတယ်။

ဒါပေမဲ့ အဲ့လိုလူတွေကြောင့် ထန်းမော့ကို တမင်သက်သက်ကြီး ရှောင်နေဖို့လိုလို့လား?? ထန်းမော့အဝေးမှာ တမင်သက်သက်ကြီး နေဖို့လိုလို့လား?? သူမစိတ်ထဲမှာတော့ သူတို့ရဲ့အမြင်တွေဆိုတာက ထန်းမော့ရဲ့ဆံချည်မျှင်တစ်ချောင်းကိုတောင် မယှဥ်နိုင်ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now