အပိုင်း(၁၄၄)

1.6K 297 8
                                    

Unicode

ရင်ထဲထိသွားတဲ့ ချောင်လန့်ထက်စာရင်တော့ ထန်းမော့က အကြာကြီးစဥ်းစားပြီးသွားတော့ ချောင်လန်က အဲ့လိုမျိုး ဆိုးဝါးတာတွေမတွေးနေသင့်ဘူးလို့ ခံစားနေရတယ်။ တစ်ကယ်တမ်းက သူကသာ စာမေးပွဲကို ပိုကောင်းကောင်းမဖြေနိုင်ချေပိုများတာလေ။

တရုတ်စာက တစ်ခြားသူတွေအတွက်တော့ လုံးဝကို အပိုင်တွက်နိုင်တဲ့ ဘာသာပဲ။ ဒါပေမဲ့ ထန်းမော့ကတော့ အဲ့လိုမဟုတ်ခဲ့ဘူး။ စာစီစာကုံးတွေ စာပိုဒ်တွေကို ဖတ်တိုင်း ထန်းမော့က အမြဲတမ်း ကံကြမ္မာကိုပဲ ပုံအပ်ထားရတယ်။

သူစာတွေဘယ်လောက်ပဲ ဖတ်ဖတ် သူမှတ်မိနိုင်တဲ့ ခံစားချက်တွေဆိုလို့ နည်းနည်းလေးပဲ ရှိတာလေ။ အဲ့တာကို အားလုံးက သူက အကုန်နားလည်နေတယ်လို့ ထင်နေကြတာလေ။

တစ်ကယ်တော့ ထန်းမော့က နားမလည်သေးတာတွေ အများကြီးပဲ ရှိသေးတယ်။

ထန်းမော့က ချောင်လန့်ကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် နည်းနည်း စိုးရိမ်လာတယ်။

တစ်ကယ်လို့ reading နဲ့ comprehension က စိတ်ခံစားချက်တွေနဲ့ ပတ်သက်လာတဲ့ ခေါင်းစဥ်တွေဆို ငါဘယ်လိုလုပ်မလဲ။ တစ်ကယ်လို့ တရုတ်စာကို ကောင်းကောင်းမဖြေနိုင်ခဲ့ရင် ငါဘယ်လိုလုပ်ရမလဲ။ တစ်ကယ်လို့ ငါက စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်ခဲ့ဘူး၊ ချောင်လန်နဲ့ သဘောတူထားတဲ့ တက္ကသိုလ်ကို အတူတူမသွားနိုင်ဘူးဆိုရင် ချောင်လန်က သူ့နောက်ကို အတူလိုက်ပေးနိုင်မှာလား။

အဲ့တာကြောင့် တစ်ကယ်လို့ ဘာသာစကားမှာက အာမခံချက်မရှိဘူးဆိုရင် တစ်ခြားဘာသာရက်တွေမှာ အပြီးပြည့်စုံဆုံး ဖြစ်အောင်လုပ်လိုက်ရင် ရမယ်မလား။ ပိုပြီး safeသွားတာပေါ့။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ ပထမဆုံးနေ့ရဲ့ ပထမဆုံး ဘာသာက တရုတ်စာဖြစ်တယ်။

ထန်းမော့က စာမေးပွဲခန်းထဲကို အနည်းငယ် စိတ်ပူပင်စွာနဲ့ ဝင်သွားခဲ့တယ်။ စာစီစာကုံး ခေါင်းစဥ်ကို တွေ့လိုက်ရတော့မှ သူကနည်းနည်း သက်ပြင်းချနိုင်သွားတယ်။

တစ်ကယ်လို့ သူ့ရဲ့သုံးသပ်ချက်က မှန်တယ်ဆိုရင် ဒီစာစီစာကုံးက လူမှုဆက်ဆံရေး မူဝါဒတစ်ခုခုကို ရောင်ပြန်ဟပ်ထားတာပဲ ဖြစ်ရမယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now