အပိုင်း(၃၁)

6.2K 1.1K 24
                                    

Unicode
ချောင်လန်က အရူးလိုမျိုး သဘောစွတ်ကောင်းတက်တဲ့သူမဟုတ်ဘူး။ ကလေးဘဝကထဲက ချောင်လန်က လူတွေကို လွယ်လွယ်နဲ့ မယုံကြည်တက်ဘူး။ ပြီးတော့ အဲ့တာက အရမ်းလဲသိသာတယ်။

ဒါပေမဲ့ ဒီကောင်မလေးက ဘာလို့ သူမနား လာလာကပ်ချင်နေရတာမှန်း သူမလုံးဝမသိတော့ဘူး။

PE ချိန်စတော့ ချောင်လန်က ဟောင်ရင်နဲ့ ထပ်တွေ့ပြန်တယ်။ ဟောင်ရင်က အခုထိ သူမကို ရင်းနှီးသလိုမျိုးလုပ်နေတုန်းပဲ။ သူမကို မြင်တော့ သူက လာနှုတ်ဆက်တယ်။

ဟောင်ရင်ရဲ့ သွားဖြူကြီးနဲ့ သူ့မျက်နှာပေါ်က အပြုံးကိုတွေ့တော့ ချောင်လန်က ဟောင်ရင် နှုတ်ဆက်တာကို hello ဆိုပြီး ပြန်နှုတ်ဆက်လိုက်ရတယ်။ ဒါပေမဲ့ သူမ ခေါင်းလှည့်ကြည့်လိုက်တော့ ထန်ချင်းနဲ့ ကောင်မလေးတစ်ချို့ အချင်းချင်းတွန်းထိုးနေကြတာကို တွေ့လိုက်ရတယ်။

" ချောင်လန် " ကောင်မလေးအဖွဲ့က ကြင်နာတက်တဲ့မျက်နှာထားတွေနဲ့ သူမကို နှုတ်ဆက်ကြတယ်။ ပြီးတော့မှ သူတို့က သူမရှေ့မှာရှိနေတဲ့ ကောင်လေးကို ကြည့်လိုက်ကြတယ်။ ပြီးတော့မှ အခုမှ သတိထားမိတဲ့ ပုံစံ ဟန်ဆောင်ကြတယ်။ " အာ.... နင်က အခန်း၅က ဟောင်ရင်မလား!!! "

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ဟောင်ရင်က ပြုံးပြလိုက်ပြီး အင်း ဟုတ်တယ် ဆိုပြီး ပြောလိုက်တယ်။ ပြီးတော့ သူတို့တွေက စပြီး စကားပြောကြတော့တာပဲ။

နောက်ဆုံးတော့ ချောင်လန် နားလည်သွားခဲ့ပြီ။ ဘာလို့ ထန်ချင်းက အခုတလော သူမကို စကားလာလာပြောနေရတာလဲဆိုတာပေါ့။

ဒါပေမဲ့ ဒါကြီးက လုံးဝကို ရှင်းပြလို့မရဘူးလေ။

သူမနဲ့ ဟောင်ရင်က တစ်ယောက်နဲ့ တစ်ယောက် သိရုံပဲ သိကြတာလေ။ သူတို့တွေ့ရင် ဒီတိုင်း နှုတ်ဆက်လိုက်တာပဲလေ။

ထန်ချင်းက ဟောင်ရင်ကို ပိတ်ရပ်ထားတယ်ဆိုတော့ ချောင်လန်တစ်ယောက် တိတ်တိတ်လေး လှည့်ထွက်သွားဖို့ အကောင်းဆုံးပဲ။ သူမ စာသင်ခန်းထဲပြန်ရောက်လာတော့ သူမ ထန်းမော့ကို နောက်တစ်ခါကြည့်လိုက်တယ်။

အခုမှ ထန်းမော့ဘာစာအုပ်ဖတ်နေတာလဲဆိုတာ ချောင်လန် မြင်ရတော့တယ်။ အမေရိကန် ရူပဗေဒပညာရှင်တစ်ယောက်ရေးထားတဲ့ Classical Electrodynamics ဆိုတဲ့ ရူပဗေဒစာအုပ်ပဲဖြစ်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now