အပိုင်း(၆၅)

5.2K 1K 47
                                    

Unicode

ချောင်ယွမ်က မာနကြီးပြီး ဘဝင်မြင့်တယ်လေ။ ပြီးတော့ သူက လက်တလောကမှ သူ့သူငယ်ချင်းအတန်းဖော်တွေရှေ့မှာ ပိုက်ဆံတွေကို ထုတ်ကြွားထားတာလေ။ အဲ့တာကြောင့် သူက လက်ဆောင်မှာ ဈေးနှုန်းကဒ်ထားတာကို တမင်သက်သက်မခွာပဲ ဝယ်ခဲ့တာလေ။

၂၁၈ ယွမ်...

သူတို့အသက်အရွယ်က လက်ဆောင်တစ်ခုဆို ၁၀ယွမ်ကျော်ကျော်လောက်ဆိုရင်ကို ရနေပြီလေ။ တစ်ခါတစ်လေ ဒီပိုက်ဆံက အနုပညာရှင်တွေရဲ့ ပိုစတာ ၁ခု ၂ခုလောက်တောင် ဝယ်လို့ရတယ်။ ချောင်ယွမ်က ဈေးနှုန်းကပ်ထားတာကို တမင်သက်သက်ထားခဲ့တာက ယွမ်စစ်မုန့်ကို သူက ပိုချမ်းသာတယ် သူကပိုပြီးဂရုစိုက်တက်တယ် ဆိုတာကို သိစေချင်လို့လေ။ ပြီးတော့ တစ်ခြားကောင်လေးတွေကို အားကျစေချင်တာလဲ ပါတာပေါ့။

အဲ့တာကို ဒီလိုရုတ်တရက်ကြီး သူ့အမေက ရှာတွေ့သွားမယ်လို့ သူဘယ်လိုလုပ် ထင်ထားမှာလဲ။

အခုအချိန်မှာ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။ တစ်ကယ်လို့ သူသာ ဈေးနှုန်းကဒ်ထားတာကို ခွာခဲ့မယ်ဆိုရင်..... တစ်ကယ်လို့ အမေကသာ ဒီဈေးနှုန်းကိုမတွေ့ခဲ့ဘူးဆိုရင် ဒီလက်ဆောင်ဗူးက ယွမ်၁၀ လောက်ပဲ ကျတာလို့ သူလိမ်ပြောဖို့က မဖြစ်နိုင်တာတော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ အခုတော့ သူက ဈေးနှုန်းကို မခွာခဲ့ဘူး။ ပြီးတော့ အမေချောင်ကလဲ လက်ဆောင်ဗူးပေါ်ကနေကို မျက်လုံးမခွာတော့ဘူးလေ။

ချောင်ယွမ် လည်ပင်းလေးပုဝင်သွားတယ်။ " ...... အမေ ဘာလုပ်နေတာလဲ။ အခန်းထဲကို ဝင်ဝင်လာချင်း သားကျောင်းလွယ်အိတ်ကို အကုန်မှောက်ချနေတော့တာပဲ. "

" ဒါက ဘယ်ကရတာလဲ " အမေချောင်က ကလစ်ပေါ်က ၂၁၈ ဆိုတာကို စိုက်ကြည့်နေခဲ့တယ်။ စိတ်ကူးယဥ်ဝတ္ထုစာအုပ်တွေ တွေ့တုန်းကထက်တောင် ပိုပြီးစိတ်တိုနေတယ်။ သူမကတော့ ချောင်ယွမ့်ကို ကျူရှင်ထားပေးဖို့ ယွမ်ထောင်ပေါင်းများစွာ သုံးခဲ့ရတာ။ ဒါပေမဲ့ ချောင်ယွမ်ကတော့ နေ့တိုင်းနေ့ ဝတ္ထုစာအုပ်တွေကို ခိုးဖတ်နေတာပေါ့။

" ပိုက်ဆံတွေက ဘယ်က ရတာလဲလို့!!! "

" သား.. သားး. မုန့်ဖိုးထဲကနေ စုထားတဲ့ ပိုက်ဆံတွေလေ.... " ချောင်ယွမ်က နည်းနည်း ကြောက်နေတယ်။ အမေချောင်က သူပိုက်ဆံတွေခိုးသွားတယ်ဆိုတာကို သိသွားလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူးလေ။ ဘာလို့လဲဆိုတော့ အဓိကကတော့ သူက သူ့အမေကို ကြောက်တယ်လေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now