အပိုင်း (၇)

6.5K 1K 14
                                    

Unicode
အဖွားချောင်က အသားတစ်တုံးအတွက်နဲ့ တစ်ကယ့်ကို စိတ်ညစ်နေတယ်။ ပြီးတော့ သူက မကျေမချမ်းဖြစ်နေတဲ့ စိတ်နဲ့ပဲ ညနက်တဲ့ အထိ နေနေတယ်။ အတိအကျပြောရမယ်ဆိုရင် သူက အဖေချောင်ပြန်လာတာကို စောင့်နေတာပါ။ ဒါမှ သူမက သူ့ကို တိုင်တန်းလို့ရမှာလေ။

" အမေကတော့ ယွမ်အာလေးစားဖို့အတွက်ဆိုပြီး အသားကို အထူးစပယ်ရှယ်ဝယ်လာတာ။ အမေ သူမကိုပြောပါသေးတယ် ယွမ်အာလေးအတွက် နည်းနည်းချန်ထားဖို့ကို။ ဒါပေမဲ့ အခုတော့ ဘာမှမကျန်တော့ဘူး.... "

အဖေချောင်က မျက်မှောင်ကျုံ့လိုက်တယ်။ ပြီးတော့ အမေချောင်က မြန်မြန်ပြန်ပြောလိုက်တယ်။ " အမေကလဲ အဲ့တာအသားလေးတစ်တုံးပဲဟာ။ အဲ့တာကိုအမေက သူမက ရေခဲသေတ္တာထဲမှာ ရှိသမျှအကုန်စားလိုက်သလိုပြောနေသေးတယ်။ ကလေးတွေပဲ စားချင်မှာပေါ့။ စားခိုင်းလိုက်ပါ အမေကလဲ။ ဒါက သိပ်မရှိပါဘူး။ တစ်ခြားသူတွေကြားရင် ကျွန်မတို့ မိသားစုက အသားလေးတစ်တုံးတောင် မတက်နိုင်ဘူးလို့ ထင်နေပါဦးမယ်။ "

အဖွားချောင်ရဲ့ အဆုတ်တွေ စနာလာတယ်လို့ ခံစားလိုက်ရတယ်။ အမေချောင်ပြောချင်တာက သူမကပဲ ကဂျီကဂျောင်ကျနေတယ်လို့ ဆိုလိုချင်တာလား။

" ငါက ဒါကို ယွမ်အာ့အတွက် ဝယ်လာတာလေ!!! " အဖွားချောင်က စိတ်တိုတိုနဲ့ ထပ်ပြောလိုက်တယ်။

" အားယွမ်ရဲ့ အဖေက ဒီနေ့ဆိုင်မှာ သူ့ကို အရသာရှိတာတွေ လုပ်ကျွေးပါတယ်အမေရဲ့။ အမဲသားစားဖို့ အဲ့လောက် မရှားပါဘူး။ "

အမေချောင်ကလဲ ပြန်ပြောတယ်။ အဖေချောင်က တစ်ခုခု ပြောချင်ပေမဲ့ အမေချောင်ရဲ့စကားတွေကို ကြားလိုက်ရတော့ သူ့သားက ဒီနေ့ အစားကောင်းကောင်းစားခဲ့တာကို သတိရသွားတယ်။ အဲ့တော့ သူ့ရဲ့ စိတ်အခြေအနေကလဲ ချက်ချင်းပဲ ပြန်ကောင်းလာတယ်။

သူက စိတ်ကောင်းဝင်နေမလို့ အဖွားချောင်က ဘာမှလဲမဟုတ်တာကို ဇာချဲ့နေတယ်လို့ သူရုတ်တရက်ခံစားလာရတယ်။

ပြောရရင် အဖေချောင် ကပ်စီးကုပ်တယ်ဆိုတာက အဖွားချောင်ရဲ့ ၁၀ပုံ ပုံ၁ပုံတောင် မရှိသေးဘူးလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now