အပိုင်း(၁၃၇)

2.2K 388 3
                                    

Unicode

မိုးမခရိုးတံသေးသေးလေးက သူ့လက်ချောင်းကြားထဲကနေ ပြုတ်ထွက်သွားပြီး သူ့လက်ဖဝါးပေါ်မှာ ငြိမ်ငြိမ်လေး လဲလျောင်းနေတယ်။

အဲ့တာကြောင့် သူက မဖြစ်နိုင်တဲ့ ခမ်းနားကြီးကျယ်တဲ့ မျှော်လင့်ချက်တွေကို မထားသင့်ပါဘူးဆို။ ဒီလို ထာဝရတည်မြဲတဲ့အရာတွေက သူ့အတွက် လုံးဝ မဖြစ်နိုင်ဘူး။ မြင်တယ်မလား။ လက်စွပ်သေးသေးလေးလေ ဒါပေမဲ့ ၁မိနစ်တောင်မကြာလိုက်ဘူး ပြတ်သွားခဲ့တာ။

ထန်းမော့ကလဲ ဒီလိုတွေလျှောက်မတွေးနေချင်ပါဘူး။ ဒါက အရမ်းကို ဝမ်နည်းဖို့ကောင်းပြီး နာကျင်ရတယ်လေ။ ဒါပေမဲ့ တစ်ခါဒီလိုအတွေးတွေဝင်လာပြီးဆိုတာနဲ့ သူ့စိတ်ထဲကို တူညီတဲ့အတွေးတွေက စပြီး ထိုးဖောင်ဝင်ရောက်လာတော့တယ်။ သာမန်လူတွေအတွက်ကတော့ မိုးမခအရိုးလေးက အရမ်းကျိုးပဲ့လွယ်လို့၊ ပြီးတော့ သူက အားအများကြီး ထည့်လိုက်လို့ ပြတ်သွားတာလို့ပဲ တွေးကြမှာလေ။ အဲ့တာကြောင့် ပြတ်သွားတာက သဘာဝကျတယ်ပေါ့။ ဒါပေမဲ့ ထန်းမော့ကတော့ အမြဲတမ်း အပိုတွေလျှောက်တွေးတက်တယ်လေ။

ဒီပြတ်သွားတဲ့ မိုးမခလက်စွပ်လေးက သင်္ကေတ တစ်ခုလိုပဲ။ သူတို့၂ယောက်လဲ တစ်နေ့ကျ ဒီလိုမျိုး ရုတ်တရက်ကြီး ပြတ်သွားမှာပဲ.......

ထန်းမော့က လက်ကို အရမ်းအတင်းကြီး ဆုပ်လိုက်တာကြောင့် သူ့ဘေးမှာထိုင်နေတဲ့ ချောင်လန်က လန့်သွားခဲ့တယ်။

အထက်တန်း တတိယနှစ်ကျောင်းသူကျောင်းသားတွေက သူတို့ခုံတွေပေါ်မှာ စာအုပ်တွေအထပ်လိုက်ကြီးကို တင်ထားလေ့ရှိတယ်။ အဲ့တာကြောင့် ခေါင်းလေးနည်းနည်းလောက်ငုံ့လိုက်တာနဲ့ သူတို့ကိုယ်ကို ကွယ်နိုင်တယ်လေ။ ဆရာက စင်မြင့်ပေါ်မှာ သင်ခန်းစာတွေကို သင်ပေးနေတုန်းပဲ။ အရင်တစ်ခေါက်တုန်းက ရုံးခန်းထဲခေါ်အဆူခံရတာကို ပြန်တွေးမိရင် ချောင်လန်က အတန်းထဲမှာ လိမ်လိမ်မာမာနဲ့ စာကိုသေချာလိုက်နားထောင်နေသင့်တာ။ ဒါပေမဲ့ ထန်းမော့ရဲ့ အခြေအနေကို ကြည့်လိုက်တော့ ချောင်လန်က အဲ့တာတွေကို ဂရုမစိုက်နိုင်တော့ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now