အပိုင်း(၁၈)

6.5K 1K 39
                                    

Unicode
ချန်ယောင်းရန်က အတန်းပိုင်ဆရာကိုသွားရှာတာပဲနေမှာ။ တစ်ကယ်လို့ ချန်ယောင်းရန်ကသာ ချောင်လန်နဲ့တစ်ခုံထဲမှာ မထိုင်ချင်ဘူးလို့ စိတ်ဆုံးဖြတ်ထားရင် အတန်းပိုင်ဆရာကလဲ သူ့ကို အတင်းဖိအားပေးလို့မရဘူး။ အဲ့အကြောင်းကိုတွေးလိုက် မိပြီး လီဖန်က ရုတ်တရက်ကြီး ချောင်လန့်ကို သနားလာတယ်။ သူမက နောက်ဆုံးမှာ ချန်ယောင်းရန်နဲ့အတူထိုင်ဖို့ အခွင့်အရေးရလာခဲ့တာကို ချန်ယောင်းရန်က ချောင်လန့်ကို အခွင့်အရေးနည်းနည်းလေးတောင် မပေးခဲ့ဘူးလေ။

သက်ပြင်းချရင်း ချောင်လန့်ရှိတဲ့နေရာကို ခေါင်းလေးလှည့်လိုက်တယ်။

ချောင်လန်က သူမနေရာမှာရှိမနေဘူး။ သူ စာသင်ခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့လဲ သူမကို မတွေ့ဘူး။

သူမ အိမ်သာသွားတာနေမှာပေါ့။ လီဖန်က အဲ့အကြောင်းကို သိပ်ပြီး ဂရုစိုက် မနေတော့ဘူး။

ချန်ယောင်းရန်က စီမံခန့်ခွဲရေးအဆောင် ကိုတိုက်ရိုက်သွားလိုက်ပြီး အတန်းပိုင်ဆရာကို ရှာလိုက်တယ်။

နှစ်ဝက်စာမေးပွဲရလဒ်တွေထွက်တဲ့ရက်တွေမှာ ကျောင်းသားတော်တော်များများက စီမံခန့်ခွဲရေးအဆောင်ကို လာကြတယ်။ ဒါတွေကြောင့်မလို့ ဆရာတွေက တံခါးတွေကို ဖွင့်ထားပေးကြတယ်။ ချန်ယောင်းရန်က အတန်းပိုင်ခေါင်းဆောင်ရဲ့အခန်းတံခါးဆီလျှောက်လာတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ အသံကိုကြားလိုက်ရတယ်။

ချောင်လန်က ဘာလို့ ဒီရောက်နေရတာလဲ။

သူမက အတန်းပိုင်ဆရာကို ဘာ​များပြောစရာရှိလို့လဲ။ သူခန့်မှန်းတာတော့ သူအတန်းပိုင်ဆရာဆီလာပြီး ထိုင်ခုံနေရာပြောင်းမယ့်အကြောင်းကို ပြောမှာမှန်းသိနေလို့ သူမက အရင်ကြိုပြီး လက်ဦးမှုရအောင် လာပြောတာလား။

ချန်ယောင်းရန် မျက်မှောင်ကျုံ့လိုက်ပြီး အခန်းထဲကို ချက်ချင်းဝင်မလို့လုပ်လိုက်တယ်။ ဒါပေမဲ့ အတန်းပိုင်ဆရာက အံ့ဩနေတဲ့အသံနဲ့မေးတာကို သူကြားလိုက်ရတယ်။

" သမီးခုနပြောတာ သမီးကထန်းမော့နဲ့ စားပွဲတစ်ခုထဲမှာ ထိုင်ချင်တယ်လို့ ပြောလိုက်တာ ဟုတ်လား။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now