အပိုင်း(၅၀)

6K 1.1K 32
                                    

Unicode
ထန်းမော့ သူမကို ပစ္စည်းတွေပေးမှာကို သူမ တစ်ကယ်ကြောက်တယ်။ သူမက သူ့အပေါ်မှာ အများကြီးအကြွေးတင်နေပြီးပြီလေ။ ထန်းမော့က သူမကို " နင့်အတွက် " လို့ ပြောတာကြားလိုက်တဲ့အချိန်တိုင်း သူမအသိစိတ်ကအရှုံ့ချခံလိုက်ရသလို ခံစားရတယ်။ အရင်တစ်ခေါက်က သူမလက်ခံခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ့ပန်းသီးဆွဲသီးပြီးရင်တော့ ထန်းမော့ဆီကနေ နောက်ထပ်ဘာမှ လက်မခံတော့ဘူးလို့ သူမ ကျိန်ခဲ့တယ်။

ချောင်လန်က ဒီတိုင်းကြီး ထိုင်နေပြီး ဘူးကို မဖွင့်တာကို ထန်းမော့က မြင်လိုက်တော့ ပြောလိုက်တယ်။ " အန်တီချန်က နင့်အတွက် လုပ်ပေးလိုက်တာ "

ထန်းမော့က ဘူးကိုယူလိုက်ပြီး အဖုံးဖွင့်လိုက်တယ်။ အထဲမှာ အာဟာရပြည့်ဝတဲ့ ဆန်ပြုတ်ကို ထည့်ထားတယ်။ အပူကနေထွက်လာတဲ့အငွေ့တွေကို တောင်မြင်နေရတယ်။ ဆန်ပြုတ်ထဲက ပုစွန်ကိုတောင် သူမ မြင်နေရတယ်။

ခဏကြာတော့ ချောင်လန်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်တယ်။ " ငါဒီနေ့မနက်ကပဲ စားခဲ့ပြီးပြီ "

ထန်းမော့က ချောင်လန့်ကို ကြည့်လိုက်ပြီး ခဏလောက်တွေးလိုက်တယ်။ " ဘာမှမဖြစ်ပါဘူး " ပြီးတော့ ဘူးကို ယူပြီး ချောင်လန့်ရှေ့ချပေးလိုက်တယ်။ " ဒါက မများပါဘူး "

တစ်ကယ်လဲ မများဘူး။ သူမကုန်အောင်စားနိုင်လောက်တယ်။

ချောင်လန် : ......

" ငါ စောနကပဲ တစ်ကယ်စားပြီးသွားပြီ။ ငါဗိုက်မဆာဘူး။ " ချောင်လန်က နောက်တစ်ခေါက် ထပ်ပြောလိုက်တယ်။

ညနေခင်းကျ သူက အနောက်တိုင်းစားသောက်ဆိုင်သွားပြီး ပိုက်ဆံသုံးသေးတယ်။ ပြီးတော့ အခု မနက်ခင်းကျ သူမကို တစ်ခြားတစ်ခု ပေးပြန်ပြီ။ ဒါက ထန်းမော့ရဲ့ ကြင်နာမှု ဆိုတာ သိနေပေမဲ့လဲ ချောင်လန်က ဒါကို တစ်ကယ် လက်မခံနိုင်ဘူး။

ထန်းမော့ တစ်ကိုယ်လုံးတောင့်တင်းသွားတယ်။ မနက်ခင်းတုန်းက ပျော်နေတဲ့စိတ်လေးက တစ်ခဏအတွင်းမှာပဲ ပျောက်သွားတယ်။

ဦးလေးချန်ကပြောတယ် ချောင်လန်က အာဟာရချို့တဲ့နေတာတဲ့။ အဲ့တာကြောင့်မလို့ ထန်းမော့က အာဟာရပညာရှင်ကို အကူအညီတောင်းပြီး သူမအတွက် အထူးrecipe လုပ်ပေးဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျောင်းကို အာဟာရပြည့်ဝတဲ့အစားအစာအများကြီး ယူလာလို့မလွယ်လို့ နောက်ဆုံးမှာ ဦးလေးချန်က အန်တီချန်ကို အာဟာရပြည့်ဝတဲ့ ဆန်ပြုတ်ပြုတ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now