အပိုင်း(၁၀၇)

4.1K 815 64
                                    

Unicode
အထက်တန်းဒုတိယနှစ်ရဲ့ နွေရာသီကျောင်းပိတ်ရက်က ပထမနှစ်တုန်းကထက် ပိုပြီးတိုတယ်။ ဒီဟာကလဲ ဘာလို့လဲဆိုတော့ သူမတို့က အထက်တန်းတတိယနှစ်ကို တက်မဲ့ ကျောင်းသားကျောင်းသူတွေဖြစ်နေလို့ပေါ့။ အဲ့တာကြောင့် သူမတို့က အတန်းကို ကြိုပြီး စတက်ကြရတယ်။

အခုလက်ရှိ ကျောင်းမှာ ကျောင်းသားကျောင်းသူ အနည်းငယ်ပဲ ရှိတယ်။ အများစုက တတိယနှစ်တက်ကြမဲ့ ဒုတိယနှစ်ပြီးသွားတဲ့ ကျောင်းသားကျောင်းသူတွေပဲ ဖြစ်တယ်။ ချောင်လန်က ပိုင်ယွီ့ကို နွေရာသီကျောင်းပိတ်ရက် နောက်ပိုင်းမှာ မတွေ့ဖြစ်ဘူး။ အဲ့တာကြောင့် ပြန်တွေ့ရတော့ အရမ်းပျော်နေခဲ့တယ်။

ပိုင်ယွီရဲ့ မွေးရပ်မြေက အနောက်မြောက်ပိုင်းမှာ ဖြစ်တယ်။ သူမမွေးရပ်မြေကနေ ပြန်လာတော့ သူမက အဆောင်ကို သူမတို့ရဲ့ ဒေသထွက်ပစ္စည်းတွေ အများကြီး ယူလာခဲ့တယ်။ ဥပမာပြောရရင် စပျစ်သီးခြောက်တို့၊ လာဗန်ဒါပန်းတို့ပေါ့။ အကုန်လုံးကို ထုတ်လိုက်တော့ အဆောင်ခန်းတစ်ခုလုံး လာဗန်ဒါပန်းနံ့တွေနဲ့ ပြည့်သွားတာပဲ။

အဆောင်ခန်းတစ်ခန်းချင်းစီကို လက်ဆောင်တွေလိုက်ဝေပြီးသွားတော့ ပိုင်ယွီက နောက်ထပ် လက်ဆောင်တစ်ချို့ကို ဘေးဖယ်ထားလိုက်တယ်။ သူမက မနက်ဖြန်ကျရင် အဲ့တာတွေကို အခန်းထဲက ကောင်လေးတစ်ချို့ကို ပေးဖို့ ပြင်ထားတာဖြစ်တယ်။

ပိုင်ယွီ့အကျင့်စရိုက်က ယောက်ျားလေးလိုပဲ။ ပြီးတော့ ချောင်လန်က လွဲလို့ သူမက အခန်းထဲက ကောင်လေးတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအကောင်းဆုံးပဲ။

အစတုန်းကတော့ ဟောင်ရင်က ချောင်လန့်ကိုလိုက်ဖို့အတွက် ချောင်လန်နဲ့ ရင်းနီးတဲ့ကောင်မလေးတွေကို တမင်သက်သက် လိုက်ကပ်ခဲ့တာဆိုပေမဲ့ နောက်တော့ သူတို့၂ယောက်လုံးက အကျင့်ချင်းတူကြတော့ ပိုင်ယွီနဲ့ ဟောင်ရင်တို့က သူငယ်ချင်းတွေဖြစ်လာကြတယ်။

ပိုင်ယွီက ပစ္စည်းတွေအကုန်လုံးကို ရှင်းပြီးသွားတော့ သူမဖုန်းက မြည်လာခဲ့တယ်။ သူမယူကြည့်လိုက်တော့ ဟောင်ရင့်ဆီက wechat မက်ဆေ့လာတာကို တွေ့လိုက်ရတယ်။ ဟောင်ရင်က သူမကို အဆောင်အောက်ကို ခဏခိုးပြီးဆင်းလာခဲ့လို့ ပြောထားတာ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now