အပိုင်း(၉၆)

3.9K 687 11
                                    

Unicode
PE ချိန်ပြီးသွားတော့ ထန်းမော့က ဘာမြူမှုန်မှမရှိဘဲ တောက်ပစွာပြုံးနေတဲ့ ကောင်မလေးရဲ့ အပြုံးကို ကြည့်လိုက်တယ်။ ထန်းမော့က ပါးစပ်ကိုဖွင့်လိုက်ပေမဲ့ ဘာမှမပြောခဲ့ဘူး။

သူ သူမကို ဘာပြောလို့ရနိုင်ဦးမှာလဲ။ နောက်ကျရင် သူ့ကို ကောင်းကောင်းမဆက်ဆံနဲ့လို့ သူမကို ပြောရမှာလား? ပြီးတော့ သူမက မသန်မစွမ်းဖြစ်နေတဲ့လူကို ကြိုက်နေတယ်လို့ တစ်ခြားသူတွေအထင်လွဲသွားတာမျိုး မဖြစ်စေနဲ့လို့လား??

အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချောင်လန်က ဒီအကြောင်းကို သူ့ကိုမပြောပြဘူးဆိုတဲ့အချက်ကိုက သူမက သူမသဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ပြောပြီးသွားပြီလေ။ သူမက တစ်ခြားသူတွေရဲ့ အတင်းအဖျင်းတွေကြောင့် သူမနေရာကို ဘယ်တော့မှ မပြောင်းဘူးဆိုတာကိုပေါ့။

ဒါ့အပြင် ဒီကိစ္စက ချောင်လန်နဲ့ အရမ်းဆိုင်နေတာ မဟုတ်ဘူးလေ။ သူနဲ့ဆိုင်နေတာ။

ထန်းမော့က ကားထဲမှာထိုင်နေပြီး ဘာစကားမှ မပြောခဲ့ဘူး။ ဒီကောလဟာလတွေကို ဖြတ်ထုတ်နိုင်မဲ့ ဖြစ်နိုင်ချေကို သူရှာတွေ့သွားဖို့ အချိန်သိပ်မကြာလိုက်ဘူး။ ဒီဟာကို ရှင်းနိုင်ဖို့ နည်းလမ်းက ၂ခုပဲ ရှိတယ်။

ပထမတစ်ခုက သူ့ဘက်က အရင်စပြီး ချောင်လန်နဲ့ ဝေးဝေးမှာ နေတာပဲ။ ဒါမှမဟုတ် သူဒီနေရာကနေတောင် ထွက်သွားလို့ရတယ်။ သူထွက်သွားတာနဲ့ မကြေလည်တာတွေအကုန် ပျောက်ကွယ်သွားလိမ့်မယ်။

ဒုတိယတစ်ခုကတော့ သူနောက်တစ်ခါထပ်ပြီး မတ်တပ်ရပ်နိုင်တာပဲ။

ပြဿနာက သူမတ်တပ်မရပ်နိုင်တာတစ်ခုထဲကြောင့်မဟုတ်ဘူးဆိုတာ သူသိတယ်။ သူ့ခြေထောက်တွေအပြင် သူက စိတ်ပိုင်းဆိုင်ရာကလဲ ချို့ယွင်းနေတယ်။ ပြီးတော့ ဒါကချောင်လန်နဲ့ မျက်နှာချင်းဆိုင်တဲ့အချိန်မှာ သူ့ကိုယ်သူ ပိုပြီး သိမ်ငယ်လာတယ်။ တစ်ကယ်လို့ သူတစ်နေ့မှာ မတ်တပ်ရပ်နိုင်တယ်ဆိုရင်တောင် Asperger ရောဂါက သူ့ကိုတစ်သက်လုံး အဖော်ပြုနေနေဦးမှာလေ။

Asperger ရောဂါဆိုတာ အစကထဲကပါလာတာ။ ပြီးတော့ ပျောက်ကင်းတယ်ဆိုတာ မရှိဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now