အပိုင်း(၉၇)

3.8K 699 10
                                    

Unicode
တစ်ခါတစ်လေကျ ဘဝက အရမ်းကို မစာနာပေးတက်ဘူး။

သေခြင်းနဲ့ ရှင်ခြင်းကြားထဲမှာ လမ်း၂လမ်းပဲ ရှိတယ်။ ဒါပေမဲ့ တစ်နေ့ကျ လမ်း၁လမ်းက ကိုယ့်ရဲ့ စိတ်ကူးယဥ်အတွေးပဲ ဖြစ်နေတယ်တဲ့လေ။

ဆရာဝန်က ထန်းမော့ကို ပြောတယ်။ သူက တစ်သက်လုံး wheelchair ပေါ်မှာပဲ နေသွားရနိုင်ချေများတယ်တဲ့လေ။

သူက မတ်တပ်မရပ်နိုင်ဘူး။ တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာ ပုံမန်လူတစ်ယောက်ဖြစ်မလာနိုင်ဘူး။ ပြီးတော့ ချောင်လန့် 'Mu Can' လို့ အစွပ်စွဲခံရတာကိုလဲ ပျောက်အောင်မလုပ်ပေးနိုင်ဘူး။ အခု သူ့မှာ ရွေးချယ်ပိုင်ခွင့်တောင် မရှိတော့ဘူး။

ကံတရားက သူလုပ်နိုင်မဲ့ အရာတစ်ခုထဲကိုပဲ သူ့ကိုချန်ပေးသွားတယ်။

အဲ့တာကတော့ ချောင်လန့်ကို ထားသွားတာပဲ။

သူ သူမဆီကနေ ဝေးဝေးနေဖို့လိုတယ်။ ပြီးတော့ သူနဲ့ ချောင်လန်နဲ့ ခင်တယ်ဆိုတဲ့အကြောင်းကို တစ်ခြားသူတွေ နည်းနည်းလေးမှ မသိသွားအောင် မမြင်သွားအောင် လုပ်ရမယ်။

ဒီအချိန်မှာ ထန်းမော့နှလုံးက နာကျင်လွန်းလို့ ဘာကိုမှတောင် မခံစားနိုင်လောက်တော့ဘူးလို့ ခံစားနေရတယ်။

သူ့ဖုန်းက ခဏလောက်တုန်သွားတာကို ခံစားလိုက်ရတော့ ခေါင်ငုံ့ပြီး ကြည့်လိုက်တယ်။ ချောင်လန်ဆီကလာတဲ့ wechat မက်ဆေ့ပဲ။ သူဒီနေ့ နေလို့ကောင်းသွားပြီလား၊ မနက်ဖြန်ကျ ကျောင်းပြန်လာနိုင်ပြီလား လို့ သူမကသူ့ကို မေးထားတယ်။

သူ့ကို ဘာလို့ အရေးစိုက်နေရတာလဲ။ သူ့ကြောင့်မလို့ သူမက အဲ့လို အပြောခံ အစွပ်စွဲခံနေရတာကို ဘာလို့ သူမက ဒီလိုဆက်လုပ်ချင်နေရတာလဲ။

တစ်ခါတစ်လေကျ ချောင်လန်က နည်းနည်းလောက် နည်းနည်းလောက်ပဲ ပိုပြီး တစ်ကိုယ်ကောင်းဆန်ပြီး ကြင်နာတက်တာလေးကို နည်းနည်းလောက်လေးပိုလျော့တက်ရင် အရမ်းကောင်းမှာပဲလို့ ထန်းမော့ တစ်ကယ်ဆုတောင်းမိတယ်။

သူ မနက်ဖြန်ကျ ကျောင်းမသွားနိုင်ဘူး။ မနက်ဖြန်တင်မကဘူး သဘက်ခါရော ဖြစ်နိုင်တာက ဘယ်တော့မှ သွားဖြစ်တော့မှာ မဟုတ်ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now