အပိုင်း(၂၇)

6.3K 1.1K 39
                                    

Unicode
ကားထဲက ထွက်လာပြီးတော့ ဆိုင်ထဲကို ဝင်လာတဲ့ Wheelchair ပေါ်မှာထိုင်နေတဲ့ ကောင်လေးက အရမ်းကို ဖြူဖျော့နေတယ်။ ပြီးတော့ အရမ်းလဲ သိသိသာသာထင်းနေတယ်။

အထူးသဖြင့် အနောက်တိုင်းစားသောက်ဆိုင်ထဲကို ဝင်လာအပြီးမှာပေါ့။ လူတော်တော်များများက သူ့ကို ပထမတစ်ခါကထဲက မှတ်မိကြတယ်။

ဒီကောင်လေးက လူကြီးမင်းထန်းရဲ့သားလို့ သူတို့ကြားကြတယ်။ ပြီးတော့ မနေ့က သူတို့စားပွဲကို တာဝန်ယူတဲ့ ချောင်လန်က ညတွင်းချင်းပဲ သူမaccount ထဲမှာ ယွမ်တစ်ထောင်ကျော် ရှိသွားတယ်။

ဒါပေမဲ့ အဲ့ကောင်လေးက ဝင်လာတာနဲ့ အားလုံးကို ဒိုင်းနဲ့ကာထားသလိုပဲ။ အဲ့ဒီ့ မှုန်မှိုင်းနေတဲ့ မျက်လုံးတွေက ချောင်လန်တစ်ယောက်ထဲကိုပဲ မြင်ပုံရတယ်။

သူက ချောင်လန့်ကို သူ့အော်ဒါယူလို့ အထူးတလည် ပြောလိုက်သေးတယ်။

ချောင်လန်က စားသောက်ဆိုင်ထဲက တစ်ခြားသူတွေရဲ့ အားကျတဲ့အကြည့်တွေကို လျစ်လျူရှုပြီး အမှာစာအုပ်လေးကို ကိုင်ပြီး ထန်းမော့ဆီ လျှောက်သွားလိုက်တယ်။

menu စာအုပ်ကို တစ်ရွက်ချင်းစီ လှန်နေတဲ့ ထန်းမော့ရဲ့ ဖြူဖွေးပြီးသွယ်လျတဲ့ လက်ချောင်းလေးတွေကို သူမ ငုံ့ကြည့်လိုက်တယ်။

တစ်ကယ်လို့ ဘာမှာရမလဲမသိရင် ဈေးကြီးတဲ့ဟာတွေသာ မှာလိုက်။

ချောင်လန် : " ....... "

ထန်းမော့က ဖောဖောသီသီ သုံးတတ်တယ် ပြီးတော့ သူ့တစ်ဘဝလုံးမှာ ပိုက်ဆံပြတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ချောင်လန်သိနေပေမဲ့လို့ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဒီလိုကြီးတော့ သူ မသုံးသင့်ပါဘူး။

ထန်းမော့က ပုံမှန်လိုမဟုတ်ဘဲ တည်ငြိမ်နေတဲ့ အသံနဲ့ အများကြီး မှာနေတယ်။ ချောင်လန်ရဲ့ ဘောပင်က မှတ်စုစာအုပ်ထဲမှာ ရပ်နေခဲ့တာ အချိန်အတော်ကြာသွားပြီ။ သူမ ဘာမှ လိုက်မရေးတာမိတာကို သူမ အရမ်းအံ့ဩနေတယ်။ သူမက တစ်ခြားတစ်ဖက်မှာ ထိုင်နေပြီး ထန်းမော့ကို ကြည့်လိုက် ပြီးတော့ ချောင်လန့်ကိုကြည့်လိုက် လုပ်နေတဲ့ ပုံမှန်နဲ့မတူတဲ့ ဦးလေးချန်ကို မြင်လိုက်တယ်။ သူက ဘာတွေးရမှန်းတောင် သိပုံမရဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now