အပိုင်း(၁၁၂)

4.2K 709 16
                                    

Unicode

ချောင်လန်က Asperger ရောဂါအကြောင်းရေးထားတဲ့ စာအုပ်ကို ဖတ်တုန်းက စာပိုဒ်တစ်ပိုဒ်ကို မြင်ဖူးတယ်။ အဲ့စာပိုဒ်ထဲမှာ ရှင်းပြထားတာက Asperger ရောဂါရှိတဲ့လူတွေက 'love disorder' ခံစားရတက်တယ်တဲ့။ Asperger ရောဂါရှိတဲ့လူတွေရဲ့ ရာခိုင်နှုန်းအနည်းငယ်လောက်က သာမန်လူတွေထက် IQ အများကြီးမြင့်ကြတယ်၊ ဒါပေမဲ့ EQ ကျတော့ သာမန်လူတွေထက် အများကြီးပိုနိမ့်ကြတယ်လို့ တစ်ချို့လူတွေက ယုံကြည်ကြတယ်။ စိတ်ခံစားချက်တွေအရပြောရမယ်ဆိုရင် သူတို့က ကလေးလေးတွေလိုပဲ အဖြူထည်လေးတွေပေါ့။

အဲ့တာကြောင့်မလို့ ထန်းမော့က သူမကိုဘယ်တော့မှ ကြိုက်လာမှာ မဟုတ်ဘူးဆိုတာ ချောင်လန်က အရမ်းသေချာနေတာပေါ့။ သူက သူမအပေါ်မီခိုမယ်၊ သူမကိုဂရုစိုက်မယ်၊ ပြီးတော့ သူမကို ကာကွယ်ပေးမယ်။ ဒါပေမဲ့ သူက သူမကို ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ကြိုက်သလိုမျိုးတော့ ကြိုက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ထန်းမော့က ဒီလိုခံစားချက်မျိုးကို နားမှမလည်တာလေ။

တစ်ချို့လူတွေကပြောကြတယ် Asperger ရောဂါရှိတဲ့လူတွေက သူတို့ဘဝတစ်သက်လုံးမှာ အချစ်ဆိုတာကို ဘာလဲဆိုတာကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူးတဲ့။ အဲ့ထဲက အနည်းစုလောက်ကတော့ နားလည်ရင်နားလည်ကြမှာပေါ့။ ဒါပေမဲ့ အဲ့လိုဖြစ်ရပ်တွေမှာဆိုရင် သူတို့တွေက အရမ်းကိုအစွဲအလမ်းကြီးပြီး ပိုင်ဆိုင်လိုစိတ်ပြင်းပြကြတယ်တဲ့။ ဒီလိုဖြစ်လာတော့ လူတစ်ယောက်ကို အရမ်းအစွဲအလမ်းကြီးလွန်းတာက ပြဿနာတွေ အများကြီးကို ယူဆောင်လာတာပေါ့။ လူနည်းနည်းလေးကပဲ အဲ့လိုအချစ်မျိုးကို နားလည်တာ ခံနိုင်ရည်ရှိတာလေ။ အဲ့တာကြောင့် ဒီလိုအချစ်မျိုးက ဝမ်းနည်းကြေကွဲမှုကို ဦးတည်စေတယ်။

ချောင်လန်က တစ်ခါတစ်လေကျသိချင်တယ် ထန်းမော့က အဲ့လူနည်းစုအုပ်စုထဲမှာများ ပါလားလို့ပေါ့။ ဒါပေမဲ့ သူမလေ့လာ စောင့်ကြည့်ရသလောက်ကတော့ မဟုတ်ဘူးပဲ သူက အဲ့အုပ်စုထဲမှာ မပါဘူး။

ထန်းမော့က သူမကိုဘာလို့မကြိုက်ရတာလဲဆိုတာ ပိုင်ယွီနားမလည်ရင်တောင် ချောင်လန်က သူမကို ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ကို မပြောပြနိုင်ဘူးလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now