အပိုင်း(၁၂၃)

3.5K 633 10
                                    

Unicode

အမေချောင်က အကျယ်ကြီး ဆူညံဆူညံလုပ်နေတာလေ။ အဲ့တာက ကျောင်းသူကျောင်းသားတွေအများကြီးကို လာကြည့်စေခဲ့တယ်။ ပိုင်ယွီနဲ့ သူမနဲ့သိကြတဲ့ အတန်းဖော်တွေကလဲ စာသင်ခန်းထဲကနေ အပြင်ကိုပြေးထွက်လာကြတယ်။ အတန်းပိုင်ဆရာနဲ့ အနီးနားက ရုံခန်းထဲက တစ်ခြားဆရာဆရာမတွေလဲ အမြန်နောက်ကနေ လိုက်လာကြတယ်။

ဆရာဆရာမတစ်ချို့က အရှေ့ကို တိုးလာကြပြီး ချောင်လန့်ကို အမြန်အနောက်ကိုပို့ပြီး ကာကွယ်ပေးလိုက်တယ်။ ပြီးတော့ လုံခြုံရေးကိုအမြန် လှမ်းခေါ်လိုက်တယ်။ လုံခြုံရေးကလဲ အမြန်ပြေးလာပြီး ဆူညံနေတဲ့ အမေချောင့်ကို ဆွဲခေါ်သွားတယ်။

အမေချောင်က ရုန်းကန်နေရင်းနဲ့ ချောင်လန့်ကို အော်နေခဲ့တယ်။ ချောင်လန့်ကို အသိတရားမရှိဘူးလို့ဆူဆဲနေတယ်။ တစ်ကယ်လို့ သူမမိဘတွေကသာ သူမကို ဒီလောက်လှတဲ့ မျက်နှာလေးနဲ့ ထက်မြက်တဲ့ ဦးနှောက်လေးပေးမထားရင် သူမက ဒီနေ့ဒီလိုအခြေအနေဖြစ်လာမှာ မဟုတ်ဘူးလို့လဲ အော်သေးတယ်။

လုံခြုံရေးက အမေချောင့်ကို အမြန်ဆွဲခေါ်သွားခဲ့တယ်။ ဒါပေမဲ့ သူလဲပဲ အမေချောင်ဆွဲကုတ်တာကို အကြိမ်များစွာ ခံလိုက်ရသေးတယ်။

ဘေးပတ်ပတ်လည်က ကျောင်းသူကျောင်းသားတွေကလဲ ပွစိပွစိတွေပြောကုန်ကြတယ်။ ချောင်လန်က အဲ့နေရာမှာ တိတ်ဆိတ်စွာရပ်နေပြီး အမေချောင်ဆွဲခေါ်သွားခံရတဲ့ ဘက်ကို မလှုပ်မယှက်ကြည့်နေခဲ့တယ်။

နောက်ဆုံးတော့ အမေချောင်က ထွက်သွားခဲ့တယ်။ အတန်းပိုင်ဆရာနဲ့ တစ်ခြားသူတွေက အနောက်ကိုလှည့်လှည့်လိုက်ချင်းမှာပဲ ချောင်လန့်ကို ထန်းမော့က သူ့လက်မောင်းထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတာကို သူတို့တွေ့လိုက်ရတယ်။

" အဟမ်း အဟမ်း " စကားပြောတော့မလိုလုပ်လိုက်တဲ့ အတန်းပိုင်ဆရာကလဲ ချက်ချင်းကို ရှက်သွားတယ်။ ချောင်လန်နဲ့ ထန်းမော့တို့ရဲ့ ဆက်ဆံရေးကို သူက မျက်စိတစ်ဖက်မှိတ်ပေးထားပြီး မသိချင်ယောင်ဆောင်နေပေးတယ်ဆိုပေမဲ့ အတန်းပိုင်ဆရာက ကျောင်းသူကျောင်းသားတွေအများကြီး ရှေ့မှာတော့ မျက်နှာကို ထိန်းထားရဦးမယ်လေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now