အပိုင်း(၁၂၅)

3.5K 610 20
                                    

Unicode

ထန်းမော့က ရယ်လိုက်တယ်။ " ဥပဒေအရဆိုရင် အသက်မပြည့်သေးတဲ့ကလေးတွေကို ရောင်းစားတာ၊ စွန့်ပစ်တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ ညှင်းပမ်းနှိပ်စက်တာ ဒါမှမဟုတ် ရိုက်နှက်နှိပ်စက်တာ တွေလုပ်ရင်၊ ပြီးတော့ အသက်မပြည့်သေးတဲ့ကလေးတွေကို မထောက်ပံ့ရင်၊ မစောင့်ရှောက်ပဲထားရင် တရားရုံးကို သွားပြီး တရားစွဲဆိုရင် မိဘတွေက အုပ်ထိန်းခွင့်ဆုံးရှုံးရမယ့်အပြင် ဥပဒေအရအရေးယူတာလဲ ခံရဦးမှာနော်။ "

အဖေချောင်က အမြန်ပြောလိုက်တယ်။ " ငါတို့မလုပ်..... "

" ခင်ဗျားတို့က ကိုယ့်ကလေးကို ကျောက်ကပ်လှူပေးဖို့ အတင်းဖိအားပေးလုပ်နေတာပဲလေ။ ပြီးတော့ ချောင်လန့်ကိုလဲ ဒီ၂နှစ်အတွင်းမှာ ပိုက်ဆံတစ်ပြားမှ မထောက်ပံ့ပေးခဲ့ဘူး။ တရားရုံးရောက်မယ်ဆိုရင် စကားပြောရုံလေးနဲ့တင် ပြီးသွားမှာ မဟုတ်ဘူးနော်။ " ထန်းမော့က ပြောလိုက်တယ်။ " ကိုယ့်ဘာသာကိုယ် သေသေချာချာစဥ်းစားလိုက်ပါဦး။ သဘောတူမှာလား သဘောမတူဘူးလား ဆိုတာကိုပေါ့။ "

အဖေချောင်နဲ့ အမေချောင်တို့၂ယောက်လုံးက ဥပေဒအကြောင်းအရာတွေကို မသိကြဘူးလေ။ သူတို့က သူတို့သမီးတွေကို ရောင်းစားတဲ့အလုပ်မျိုးကို ၁ခါမက လုပ်ဖူးတယ်လေ။ သူတို့က အရင်ကထဲက ဥပဒေကို ချိုးဖောက်နေခဲ့ကြမှန်း သူတို့မသိခဲ့ကြဘူး။ သူတို့က အခု ဥပဒေကို ချိုးဖောက်နေတယ်ဆိုတာကို ကြားလိုက်ရတော့ သူတို့က ချက်ချင်းကိုပဲ ရှုပ်ထွေးသွားကြတော့တယ်။

" ပြီးတော့ " ထန်းမော့ ဆက်ပြောလိုက်တယ်။ " သေသေချာချာစဥ်းစားနော်။ ခင်ဗျားတို့ သားရဲ့ခန္ဓာကိုယ်က အရေးကြီးလား၊ ဒါမှမဟုတ် ချောင်လန်နဲ့ ဆက်ဆံရေးက အရေးကြီးလား။ တစ်ကယ်လို့ ခင်ဗျားတို့သားက စောင့်နိုင်တယ်ဆိုရင် ကျွန်တော်ကလဲ ဖြေးဖြေးချင်း စောင့်ပေးနိုင်ပါတယ်။ "

ဒီကောင်လေးက သူ့ရုပ်ရည်လိုမျိုး အန္တရာယ်မရှိတဲ့ ကောင်လေးမဟုတ်ဘူးဆိုတာ နောက်ဆုံးတော့ အဖေချောင်က သိသွားခဲ့ပြီ။ သူနဲ့ အမေချောင်တို့က ဒီကောင်လေးရဲ့ ပြိုင်ဖက်တွေ လုံးဝကို မဟုတ်ဘူး။ ပြီးတော့ သူတို့က ဒီကောင်လေးဆီက ပိုက်ဆံလိုချင်သေးတယ်လေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now