အပိုင်း(၇၃)

4.9K 969 28
                                    

Unicode

ချောင်လန်က စိုးရိမ်တကြီးနဲ့ ထန်းမော့အခန်းတံခါးကိုခေါက်လိုက်တယ်။ " ထန်းမော့ ဘာဖြစ်တာလဲ "

အခန်းထဲက ရုတ်တရက်ကြီး တိတ်ဆိတ်သွားတယ်။ ဒါပေမဲ့ ခဏကြာတော့ နောက်ထပ် ဘန်း ဆိုတဲ့အသံကို ကြားလိုက်ရပြန်တယ်။

ချောင်လန့်အမူအရာက ရုတ်တရက် ပြောင်းလဲသွားတယ်။ " ထန်းမော့ ငါဝင်လာပြီနော် " အဲ့လိုပြောပြီးတော့ သူမက တံခါးကိုဖွင့်လိုက်ပြီး အထဲဝင်လိုက်ကာ မီးကိုလဲ ဖွင့်လိုက်တယ်။

မီးရောင်အောက်မှာ သူမမြင်လိုက်ရတာက ထန်းမော့က ဖျော့တော့နေတဲ့ မျက်နှာလေးနဲ့ အိပ်ယာပေါ်မှာ ထိုင်နေတာကိုပဲ။ အံဆွဲကလဲ အောက်ကိုပြုတ်ကျနေတယ်။ ပြီးတော့ ထန်းမော့ ညာဘက်လက်ထဲမှာလဲ ဆေးဘူးတစ်ဘူးကို ကိုင်ထားတယ်။ ခုနက အသံအကျယ်ကြီးက ဘယ်ကလာတာလဲဆိုတာ ချောင်လန်သိလိုက်ပြီ။

ချောင်လန် ကြောင်သွားတယ်။ ပြီးတော့ သူမအမြန်လျှောက်သွားလိုက်တယ်။ သူ့ကိုဘာဖြစ်တာလဲလို့ မေးမလို့လုပ်လိုက်တဲ့အချိန်မှာပဲ သူမမျက်လုံးတွေက သူ့ရဲ့ညာဘက်ခြေထောက်ပေါ်ရောက်သွားတယ်။ သူက ခုနက အရမ်းလန့်သွားတာကြောင့် ခြေထောက်ကို စောင်နဲ့မအုပ်လိုက်မိတာလေ။

ဖြူဖွေးနေတဲ့ အရေပြားပေါ်မှာ 7cm 8cm လောက်ရှည်တဲ့ အမာရွတ်ကြီး ရှိနေတယ်။

ချောင်လန် သူမနှလုံးသားတွေ ဆူးနဲ့အထိုးခံလိုက်ရသလို ခံစားလိုက်ရတယ်။

ဒီမှာ ဘာလို့ အမာရွတ်ကြီး ရှိနေတာလဲ....

ထန်းမော့က ငယ်ငယ်လေးကထဲက Asperger ရောဂါရှိတာမှန်းကို သူမသိတယ်။ ပြီးတော့ နောက်ပိုင်းမှာ ကားအက်စီးဒန့်ဖြစ်သွားလို့ သူ့ခြေထောက်တွေ မသန်တော့တာကိုလဲ သူမသိတယ်။ ဒါပေမဲ့..... ဒါပေမဲ့ ဘာလို့ သူ့ခြေထောက်မှာ ဒီလောက်ကြီးတဲ့ အမာရွတ်ကြီးရှိနေရတာလဲ။ ကားအက်စီးဒန့်ဖြစ်တုန်းကများ ကျန်နေခဲ့တာလား။

ဒါပေမဲ့ ဒီအမာရွတ်ကလွဲလို့ သူ့ခြေထောက်ပတ်ပတ်လည်မှာ တစ်ခြားဆင်တူတဲ့ အမာရွတ် အစအနတောင်မရှိဘူးလေ။ ကားအက်စီးဒန့်က ဒီလို ပြားနေတဲ့ အမာရွတ်မျိုးကို မချန်ခဲ့နိုင်ဘူး။ အဲ့တာဆို ဒီအမာရွတ်က.. ဒါက ချွန်ထက်တဲ့ လက်နက်ကိရိယာတစ်ခုခုကြောင့်ဖြစ်တဲ့ အမာရွတ်နဲ့ပိုတူတယ်။ ဓားလိုမျိုးလေ........

ဗီလိန်ရဲ့ လမ်းပြကြယ်Onde as histórias ganham vida. Descobre agora