အပိုင်း(၈၇)

4.3K 814 26
                                    

Unicode

အတန်းပိုင်ဆရာ့ဆီကနေ ၁နာရီခွဲလောက် လက်ချာအပေးခံလိုက်ရပြီးတော့ ဟောင်ရင်က နည်းနည်းစိတ်ညစ်နေတယ်။ ဒါပေမဲ့ ချောင်လန်က သူ့ကိုပြောစရာရှိတယ်လို့ ပြောလိုက်တော့ ဟောင်ရင့်စိတ်က ချက်ချင်းကို ကောင်းကင်ထိပျံတက်သွားသလိုပဲ။

သူ ဒီအခန်းထဲကို ရောက်လာကထဲက အတန်းပိုင်ဆရာက သူ့ကို သိပ်သဘောကျတာမဟုတ်ဘူးလေ။ သူ့အတွက်က အဆူခံရတယ်ဆိုတာ ဖြစ်နေကြကိစ္စလိုပဲ။ ပြီးတော့ သူက အဲ့တာကို ဖြေးဖြေးချင်းကျင့်သားရနေပြီလေ။

ချောင်လန်နဲ့ဟောင်ရင်တို့က လမ်းအတူလျှောက်ခဲ့ကြတယ်။ ခဏတွင်းမှာပဲ အဲ့တာက လူတွေအများကြီးကို သူတို့ကို ကြည့်စေခဲ့တယ်။ ဟောင်ရင်က ပျော်နေတယ်။ ပြီးတော့ သူသိတဲ့အတန်းဖော်တစ်ချို့ကိုလဲ နှုတ်ဆက်လိုက်သေးတယ်။ ချောင်လန့်ခြေလှမ်းတွေနောက်ကို လိုက်နေရင်းနဲ့ သူက သူမကို ပြုံးပြီးမေးလိုက်တယ်။ " နင်က အဲ့နေ့က မရှိဘူးလေ။ အဲ့တာကြောင့် နင်အဲ့တာကို ကြိုက်လား မကြိုက်ဘူးလားဆိုတာ ငါမသိသေးဘူး။ "

ဟောင်ရင်က သူမကို ပန်းစည်းကို ကြိုက်လားမကြိုက်ဘူးလားလို့ မေးလိုက်တော့ ချောင်လန်က အနောက်လှည့်ကြည့်လိုက်တယ်။ ပြီးတော့ သူ့မျက်နှာပေါ်က အမူအရာကလဲ သူမက အဲ့တာကို သေချာပေါက်ကြိုက်မှာပဲဆိုပြီး သေချာနေတဲ့ပုံစံကြီးလေ။

သူတို့သွားတဲ့နေရာက အတန်းပိုင်ဆရာရဲ့ ရုံးခန်းနဲ့ အတော်လေးဝေးတယ်။ ချောင်လန်က ရပ်လိုက်ပြီး အနောက်ကိုလှည့်လိုက်တယ်။ ဟောင်ရင်နဲ့ ၁မီတာလောက်အကွာမှာ ရပ်လိုက်ပြီး သူမက ဟောင်ရင့်ကို ကြည့်လိုက်ကာ ပြောလိုက်တယ်။ " ငါခဏနေရင် wechat ကနေ နင့်ကို ပိုက်ဆံလွှဲပေးလိုက်မယ်။ "

ဟောင်ရင့် အပြုံးပျောက်သွားခဲ့တယ်။ " နင်ဘာလို့ အဲ့လိုပြောတာလဲ..။ နင်ပန်းစည်းကို မကြိုက်ဘူးလား။ "

" ငါမကြိုက်ဘူး "

ချောင်လန်နဲ့ စိတ်ညစ်နေတယ်။ ဒါပေမဲ့ သူမက သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်နေတုန်းပဲ။ ချောင်လန်က ဟောင်ရင့်မျက်နှာကို ငှဲ့တဲ့အနေနဲ့ အတန်းထဲမှာ တိုက်ရိုက်မပြောလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ သူမက အတက်နိုင်ဆုံးရှင်းအောင် ပြောဖို့ကြိုးစားခဲ့တယ်။ " ငါက ပန်းတွေအစား လေ့ကျင့်ခန်းစာအုပ်တွေကို ပိုကြိုက်တယ်။ ငါက နင့်ကို လေ့ကျင့်ခန်းစာအုပ်တွေပေးဖို့ ပြောတာမဟုတ်ဘူးနော်။ ငါပြောချင်တာက ငါက စာပဲကြိုးကြိုးစားစားလုပ်ချင်တာ။ ပြီးတော့ ငါ့မှာ ရည်းစားထားဖို့ အစီအစဥ်မရှိသေးဘူး။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now