အပိုင်း(၁၀၂)

3.9K 691 7
                                    

Unicode
ကျောင်းက ပြည်နယ်ထဲမှာ အကောင်းဆုံကျောင်းပဲဖြစ်တယ်။ ကျောင်းရဲ့စီမံမှုတွေကလဲ အတော်တင်းကြပ်တယ်။ ကျောင်းနဲ့ မသက်ဆိုင်တဲ့သူတွေအတွက် ဝင်ဖို့ထွက်ဖို့ဆိုတာ မလွယ်ကူဘူး။ တစ်ခါတုန်းက ချောင်ယွမ်က နေမကောင်းလို့ အဖေချောင်က ကျောင်းကို အမြန်ပြေးလာပြီးခေါ်ခဲ့တာ။ ဒါပေမဲ့ လုံခြုံရေးအစောင့်က သူ့ကို ကျောင်းထဲကို ပေးမဝင်ခဲ့ဘူး။

သူမက ချောင်လန့်ဖုန်းနံပါတ်လဲမသိဘူး။ ကျောင်းထဲလဲ ဝင်လို့မရဘူး။ အကြာကြီးစဥ်းစားပြီးသွားတော့မှ နောက်ဆုံးမှာ အမေချောင်အကြံတစ်ခု ရလာခဲ့တယ်။ သူမက ချောင်လန့်ရဲ့ပထမနှစ်တုန်းက အတန်းပိုင်ဆရာရဲ့ဖုန်းနံပါတ်ကို ပြန်ရှာလိုက်ပြီး အဲ့ကနေတစ်ဆင့် ချောင်လန့်ရဲ့ ဒုတိယနှစ်အတန်းပိုင်ဖုန်းနံပါတ်ကို ရခဲ့တယ်။

တစ်ကယ်လို့ ဆရာတွေက ကျောင်းသားကျောင်းသူတွေကို ကာကွယ်ပေးချင်ရင်တောင် ဘာပဲပြောပြော ဒါက ချောင်လန့်အမေဆီက ဖုန်းပဲလေ။ အမေချောင်ကပြောတယ် သူမနဲ့ ချောင်လန်နဲ့က စကားများမိတာတဲ့။ ပြီးတော့ ကလေးက စိတ်ဆိုးသွားပြီး သူမဖုန်းဆက်တာကို မကိုင်ဘူးတဲ့။ အတန်းပိုင်ဆရာအနေနဲ့ သူမကို သံသယဖြစ်စရာ မရှိဘူးပေါ့။

ဘာပဲပြောပြော အမေတစ်ယောက်က ကိုယ့်သမီးကို ဒီလိုဆက်ဆံလိမ့်မယ်လို့ ဘယ်လိုပုံမန်လူက တွေးမိမှာလဲ။ သူမစကားတွေအရဆိုရင် အမေချောင်က သူမသမီးကို အတော်လေး ဂရုစိုက်ပုံရတာပဲလေ။ အဲ့တာကြောင့် အတန်းပိုင်ဆရာက လုံးဝသံသယမဖြစ်မိဘူး။

တနင်္ဂနွေနေ့ည night study အချိန်မှာ လော့ညန်က ကျောင်းပေါက်ဝကို ထပ်ရောက်လာပြီး ချောင်လန့်ကို ပြဿနာလုပ်မှာစိုးလို့ ဦးလေးချန်က ချောင်လန့်ကို ကျောင်းပေါက်ဝထိ ကိုယ်တိုင်လိုက်ပို့ခဲ့တယ်။ ပြန်လာတော့ ထန်းမော့ရဲ့ ရည်ရွယ်ချက်အရ သူက လော့ညန်ကို စောင့်ကြည့်ဖို့ လူတစ်ယောက်လွှတ်လားလိုက်တယ်။ သူချောင်လန့်ကို နောက်တစ်ခါသွားပြီး ပြဿနာရှာမှာစိုးလို့ပေါ့။

လော့ညန်က အစ်မချောင်ကို တမင်သက်သက်ဖုန်းဆက်ပြီးပြောခဲ့တာက ချောင်မိသားစုကို ဒီပြဿနာကို ဖြေရှင်းခိုင်းဖို့လေ။ ပြီးတော့ ချောင်လန့်ကို သူ့ဆီ လိမ်လိမ်မာမာနဲ့ အရင်ရောက်လာအောင်လို့ လုပ်ခိုင်းတာပေါ့။ အဲ့တာကြောင့် လော့ညန်က ဒီ၂ရက်တော့ အတော့်ကို ငြိမ်နေတယ်။ ဒုတိယအစ်မချောင်ဆီကနေ လာမဲ့ သတင်းကောင်းကို စောင့်မျှော်နေတာပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now