အပိုင်း(၁၃၂)

3.3K 609 18
                                    

Unicode

ထန်းမော့က အတွေးတွေထဲကနေ နိုးလာပြန်တယ်။ သူက ချောင်လန့်မျက်လုံးတွေနဲ့ ဆုံသွားတော့ လက်သီးဆုပ်လိုက်မိတယ်။

သေချာပေါက် သူလဲ အဲ့လိုတွေးမိတာပေါ့။ သူက ချောင်လန်အဲ့စကားကိုပြောပြီးသွားရင် ဘယ်တော့မှ ပြန်မရုတ်သိမ်းနိုင်အောင်လို့ ချောင်လန့်ကို ကျိန်တောင်ကျိန်ခိုင်းစေချင်နေတာလေ။

ဒါပေမဲ့ အဲ့လိုလုပ်လို့မရဘူးလေ။

" ..... မရဘူး " သူက အဲ့စကားတစ်ခွန်းကိုပြောဖို့ သူ့အားအင်တွေအကုန်လုံးကို ထုတ်သုံးလိုက်ရသလိုပဲ။

ချောင်လန်က အံ့ဩသွားခဲ့တယ်။ " ဘာလို့လဲ။ မော့မော့က အရမ်းဆိုးတာပဲ။ နင်က ငါ့ကိုနမ်းလဲနမ်းသေးတယ်၊ ပြီးတော့ ငါ့ပေးတဲ့ပန်းကိုလဲ ယူသေးတယ်၊ အဲ့တော့ နင်က ငါ့ကောင်လေးဖြစ်သင့်တာပေါ့။ "

" ဒါပေမဲ့ ငါက နေမကောင်းဘူးလေ!! "

ထန်းမော့က " ငါကနေမကောင်းဘူး " ဆိုတာကို နောက်တစ်ခေါက်ထပ်ပြောလိုက်တယ်။ ပြီးတော့ သူက ရေရွတ်လိုက်တယ်။ " Asperger ရောဂါလေ...... စိတ်ရောဂါကြီး။ အဲ့တာက တစ်သက်လုံးကုလို့ပျောက်မှာ မဟုတ်ဘူး။ "

" ငါသိတယ်လေ။ ငါအစောကြီးကထဲက သိပြီးသား။ " ချောင်လန့်အသံက နူးညံ့သွားပြီး ပြောလိုက်တယ်။ " ငါဂရုမစိုက်ဘူး "

ဒါပေမဲ့ ငါက ဂရုစိုက်တယ်လေ။

Asperger ရောဂါက နောက်ကျရင် စိတ်ဓာတ်ကျတာတွေတို့၊ စိတ်ကယောင်ခြောက်ခြားဖြစ်တာတွေအထိတောင် ဖြစ်သွားနိုင်တယ်။ သူက အမြဲတမ်း အန္တရာယ်ရှိတဲ့ တည်ရှိမှုကြီးတစ်ခု ဖြစ်နေဦးမှာပဲ။ ပြီးတော့ အမြဲတမ်း အရှက်မရှိတဲ့ လူထူးဆန်းကြီးဖြစ်နေဦးမှာပဲ။ တစ်ကယ်လို့ ဒါကိုတစ်ယောက်ယောက်ကသာ သိသွားခဲ့ရင် မရေမတွက်နိုင်တဲ့ ကောလဟာလတွေ ရှိလာဦးမှာ။။ ပြီးတော့ အဲ့တာတွေက သူ့ကိုအရင်တုန်းက လိုက်နှောင့်ယှက်ခဲ့သလိုပဲ ချောင်လန့်နောက်ကိုလဲ လိုက်နှောင့်ယှက်နေဦးမှာ။ သူမက သာမန်ဘဝမျိုးမှာ ဘယ်တော့မှ နေနိုင်တော့မှာ မဟုတ်တော့ဘူး။

" မော့မော့...... မော့မော့ ....... ထန်းမော့!! "

ချောင်လန်က အတွေးလွန်နေတဲ့ ထန်းမော့ကို ကိုင်လှုပ်လိုက်ပြီး ပြောလိုက်တယ်။ " Asperger ရောဂါဆိုတာ စိတ်ရောဂါမဟုတ်ဘူး။ ဒီတိုင်း autistic disorder လေးတစ်ခုပဲ။ နင်က ဒီတိုင်း သာမန်လူတွေထက် ပိုတော်ပိုဥာဏ်ကောင်းတဲ့ ကောင်လေးတစ်ယောကဖြစ်နေရုံပဲ။ နင်က သူများတွေနဲ့ မတူညီတာမဟုတ်ဘူး။ နင်က နင်ပဲ။ ပြီးတော့ Asperger ရောဂါရှိတဲ့ နာမည်ကြီးလူတွေအများကြီးကို ငါသိတယ်။ သူတို့က လူထူးဆန်းတွေလား ဟုတ်လား။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now